-17-

2.5K 232 12
                                    

ဘူဆန်ကပြန်လာပြီးကတည်းက သူနှင့်မတွေ့ရသည်မှာ အခုဆိုလျှင် ၂ ပတ်တောင် ရှိပြီ ။ သူလည်း ပေါ်မလာသလို ။ သူ ဘာလို့ပျောက်နေလဲလည်း သူမ မမေးရဲခဲ့ ။ မလာတာလဲ ကောင်းပါတယ်လေ ။
သူမ သူ့လောက် ပင် မောင့်ကို သတိမရဖူးပေ ။ ထိုသို့ တွေးလိုက်မိမှ မောင့်ကို သတိရသွားရသည် ။

" Jen ကော်ဖီလေး တစ်ခွက်လောက် ဖျော်ပေးလို့ရမလား "

Chae အသံကြားမှ သူမ အတွေးကမ္ဘာထဲက ရုံးထွက်နိုင်တော့သည် ။

" ဟုတ် CEO

" နှစ်ယောက်ထဲရှိတဲ့အချိန်ဆို Chae လို့ပဲ ခေါ်ပါ Jen ရဲ့။ "

" ဟုတ် Chae "

သူမ ကော်ဖီဖျော်ပြီး ပြန်၀င်လာချိန် Chae ဖုန်းပြောနေ၍ မထင်မှတ်ပဲနားထောင်လိုက်ရသည် ။

" Yahhh ထိုင်းကောင် နင်က ဘာမပြော ညာမပြောနဲ့ ပျောက်သွားရလား ။ ခု ဘယ်သွားအလေလိုက်နေတာလဲ ဟမ် ။ င့ါကို ဘာမှ မပြောပဲ ပျောက်သွားစရာလား "

ထိုင်းကောင်ဆိုတော့ Lisa များလား ။ သူမ ရင်ခုန်သွားမိသည် ။ သေချာပါတယ် ။ သူ ပဲနေမှာပါ ။ သူမ ရင်ခုန်သံတွေက သူ နဲ့ပတ်သက်ရင် လိမ်လို့မရ ။ အသံလေး သဲ့ သဲ့ မပြောနဲ့။ နာမည်လေး ကြားရင်တောင် အလိုလို ခုန်လာတက်တဲ့ ရင်ခုန်သံတွေ ။

တစ်ကယ်တော့ Lisa မှာ ထိုင်းကိုရီးယားကပြား ဆိုတာ သူမ ဘူဆန်ရောက်မှ သိခဲ့ရခြင်းပင်။ နောက်ပြီး chae နဲ့ Lisa တို့က New Zealand မှာ ကျောင်းတူတူ တက်ရင်းနဲ့ ငယ်ပေါင်းကြီးဖော်ကဲ့သို့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်လာရခြင်းဆိုတာရယ် ။ Chae ကုမ္ပဏီမှာ Lisa ကို အတင်းရှယ်ယာဝင်ခိုင်းခဲ့တာ ဆိုတာရယ်တွေကို Jen ဘူဆန်ရောက်မှ သိခဲ့ခြင်းပင်။

"............"

" ဟင် ဟုတ်လား .. အခုကော Appa သက်သာရဲ့လား "

".............."

" အင်းတော်သေးတာပေ့ါ ... ဘယ်နေ့ပြန်လာမှာလဲ .... အင်းအင်း.... ငါလာကြိုပေးမယ်.... ...အင်းပါ ဟယ် ..."

ဟိုဘက်က ဘာပြောလိုက်သည် မသိ Jen စားပွဲဘက်ကို မော့ကြည့်လာသည့် Chae ။

"........."

" အင်းပါ....အိုကေအိုကေ.....ဘိုင် .... Appa ကို ငါက မေးတယ်လို့ ..... အင်း ဘိုင် "

First KissWhere stories live. Discover now