~~~~~~~~~~~~~~~~
သူမ ရုံးသွားရာ လမ်းပေါ်တွင် ရှိသော jewellery နဲ့ Fancy ဆိုင်လေးအတွင်းမှ လက်ဆောင်လှလှလေးများကို လည်ပြန်ငေးကြည့်နေကြဖြစ်ပါသည်။
သို့သော် ယနေ့တော့ ထူးထူးခြားခြားပင် သူမ ဆိုင်လေးအရှေ့တွင် ခြေအစုံကိုရပ်ပြီး ငေးကြည့်နေမိ၏ ။ ဒီတစ်နှစ်မွေးနေ့အတွက်တော့ သူမအတွက် မွေးနေ့လက်ဆောင်ကို သူမ ကိုယ်တိုင်၀ယ်လိုက်ရင် ကောင်းမလား ဟုလည်း တွေးနေမိပါသေး၏ ။
အဲ့ဒါကြောင့် ဆိုင်ထဲသို့ စိတ်ကြိုက်ငေးကြည့်ရင်း သူမ အလိုချင်ဆုံး အရုပ်လေးတစ်ရုပ် ရွေးနေမိ၏ တွေ့ပါပြီ ... အညိုရောင် Teddy Bear လေး ။ အရုပ်လေးရဲ့ ရင်ဘတ်မှာလည်း J ဆိုတဲ့စာလုံးလေးနဲ့
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. သူမ ထိုအရုပ်လေးကို ၀ယ်ရန်ဆုံးဖြတ်ပြီး ဆိုင်ထဲသို့၀င်မည်အပြု ဆိုင်ထဲမှ ထွက်လာသော Lisa ကို ဘွားခနဲ မြင်လိုက်ရပြီး Jen လန့်သွားရ၏။
" ဟင် ... . Ni .......... ဒီကိုလာတာလား ?"
သူ့လက်ထဲတွင်လည်း ဆိုင်တံဆိပ်ပါသော အိတ်လေးတစ်လုံး ? သူလည်း တစ်ခုခု လာ၀ယ်ပုံပေါ်ပါသည်။
" အင်း ..... လက်ဆောင် တစ်ခုခု ၀ယ်ရင် ကောင်းမလားလို့ "
" ကိုယ်လည်း အခုပဲ ၀ယ်ပြီးသွားလို့ Ni ဆီလာတော့မလို့ "
"ရှင် ? "
" ဟုတ်တယ် ဒီမနက် Ni နဲ့ကော်ဖီသောက်မလို့လေ ။ ဒီတစ်ခါတော့ Request မဟုတ်ဘူးနော် ။ order လို့ Ni သတ်မှတ်မယ်ဆိုလည်း ကိုယ်မငြင်းပါဘူး ။ ဒါပေမယ့် Ni လိုက်ကို လိုက်ခဲ့ရမယ် "
သူ ဇွတ်တရွတ်ပြောရင်း သူမ ရှေ့တည့်တည့်တွင် ရပ်လိုက်၏ ။
"တို့ အလုပ်၀င် နောက်ကျမှာပေါ့ "

YOU ARE READING
First Kiss
Storie d'amoreFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...