-24- 😘 Final 😘

5.2K 271 30
                                    

သူမ တက္ကသိုလ်နောက်ဆုံးနှစ်ကို ပြန်တက်ဖြစ်ခဲ့သည် ။ အစက အဝေးသင်ပဲ တက်ဖို့စဉ်းစားထားပေမယ့် သူနဲ့ Chae Ji တို့က နောက်ဆုံးနှစ်လည်း ဖြစ်တာမို့ ကျောင်းသားဘ၀ကို ခံစားစေချင်တာမို့တက်စေချင်၍ သူမ အခုဆိုSeoul University မှာ စီးပွါးရေးမေဂျာနဲ့ နောက်ဆုံးနှစ်ကို တက်ရောက် နေ ဖြစ်တာပါ ။

" အင့်...."

ကျောင်းအဆင်း အတန်းကနေထွက်လာပြီး သူမ ကော်ရစ်တာကနေ ကွေ့ပြီးအထွက် .. လူတစ်ယောက်နှင့် ၀င်တိုက်မိ​သေည်။ အကွေ့ဆိုတော့ တစ်ဖက်ကလူနဲ့က တစ်ယောက်နဲ့တစ်ယောက် မမြင်နိုင်ကြတာမို့
အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်လိုက်မိ၍ သူမ တစ်ယောက် ထိုင်လျှက်ပင် လဲကျသွားရသည် ။

" ဟာ ဆောရီးပါ ဗျာ ... ဘယ်နား နာသွားလည်းဗျ ... ကျွန်တော် ထူပေးပါမယ်နော် "


ဟုဆိုကာ လက်တစ်ဖက် ကမ်းပေးလာပါ၏။ သူမလည်း သူကမ်းလာသည့် လက်ကို မသိကျိုးညွန်ပြုကာ


" အာ... ရပါတယ် .... ရတယ် ရတယ် ... ကျွန်မ ဘာသာ ထနိုင်ပါတယ် "



"ဟုတ်ကဲ့ဗျ ...ဆောရီးပါ ကျွန်တော်လည်း အကွေ့ဆိုတော့ မမြင်လိုက်လို့ "



" ရတယ် "


သူမ ခပ်ပြတ်ပြတ်သာ ပြောပြီး ထိုနေရာမှ ထထွက်လာခဲ့သည် ။ ထိုင်လျှက်ကျတော့ တင်ပါးရိုးနည်းနည်း နာသွားသည့်အပြင် လက်ထောက်ကာ ကျသွားတာရောမို့ လက်ဖနောင့်နဲ့ လက်ကောက်၀တ်တော့ မြတ်သွားရသည်ထင်ပါ၏ ။ သူမ ဖုတ်ဖက်ခါကာ ထပြီး ခပ်သွက်သွက်သာ ကျောင်းပေါက်၀ ရောက်အောင် ပြေးမတတ်ပင် လမ်းလျှောက်လာမိပါသည် ။ မလျှောက်လို့လည်းမရ ကျောင်းပေါက်၀မှာ Li လာကြိုနေလောက်ပြီလေ.....။ သူမ တစ်နေကုန် လွမ်းလှပြီမို့ တွေ့ချင်လှပြီ.. ။ ကျောင်းဆင်းပြီမို့ ပျော်ပြီးအပြေးလေး လှမ်းလာမိကာမှ ထိုသို့တိုက်မိသွားရခြင်းသာ ။




" ဟေ့ ဟေ့...ခနလေးနေပါဦး ဟေ့ ... "



သူမ ခေါ်သံကြားတော့ ခြေလှမ်းတွေနှေးသွားရကာ ဘေးနားမှာ အရိပ်လေးတွေ့လိုက်တော့ စောင်းငဲ့ကြည့်လိုက်မိပါ၏ ။ ကြည့်လိုက်တော့ ခုနက တိုက်မိသည့် လူပင် ။



First KissWhere stories live. Discover now