လွန်ခဲ့သော ၅ နှစ်က ........
Lisa ကော်ဖီဆိုင်လေးကနေ ထွက်လာပြီး ကားတံခါးကိုဖွင့်နေခိုက် မမျှော်လင့်ထားသော မြင်ကွင်းလေးတစ်ခုကို မြင်လိုက်ရသည်။ မိန်းကလေးတစ်ယောက် ဆိုင်အတွင်းသို့ငေးကြည့်နေ၏။
ပါးဖောင်းဖောင်းလေးနှင့် ကလေးတစ်ယောက်နှယ် အရုပ်လေးတစ်ရုပ်ကို လိုချင်နေသည့် အကြည့်များနှင့် သင်းကလေးက ဆိုင်အတွင်းရှိ လက်စွပ်လေးကို ငေးကြည့်နေ၏။
လက်ညှိုးတစ်ချောင်းကို စိမ်ပြေနပြေကိုက်ရင်း လက်စွပ်လေးကို မျက်တောင်မခတ်တမ်း လှမ်းကြည့်နေသော ထိုကောင်မလေး၏ အကြည့်များက ဘာမှ မထူးခြားသော်လည်း သူ့ရင်ခုန်သံများ ဝုန်းဒိုင်းကျဲကုန်၏။ သူ ထိုသို့ တစ်ခါမျှ ရင်မခုန်ဖူးပါ။
ထို့အပြင် သူ၏ ပထမဆုံးဖြစ်ဖူးသော ရင်ခုန်သံများသည် မိန်းကလေးတစ်ယောက်အတွက်ဖြစ်တည်လာသည်တဲ့လား။သူ သည် Straight စစ်စစ်တစ်ယောက်ပင် ။ကျောင်းတွင်ရော ၊ လက်ရှိ Appa ၏ ကုမ္ပဏီတွင်မှာပါ Lisa မှ Lisa ဆိုသည့် ပုရိသယောကျာ်းသားများလည်းရှိသလို ။ Lisa Oppa Lisa Oppa နှင့် သူ့နောက် တစ်ကောက်ကောက် လိုက်ကပ်နေသည့် မိန်းကလေးပေါင်းများစွာလည်း ရှိလေသည်။ သူ မည်သူ့ကိုမျှ ထိုသို့ ရင်မခုန်ခဲ့ဖူးချေ။
ထို အခိုက်အတန့်လေးမှာပင် သူသည် သူမကို လွန်စွာချစ်သွားပြီဆိုတာ သိလိုက်ရ၏။ ဘဝတွင် ပထမဆုံး အချစ်ဆိုသည်ကို ထိတွေ့စေသူသည် မိန်းကလေးတစ်ယောက် ဖြစ်လို့နေလေ၏။
ထို့ကြောင့် နှလုံးသားအလိုအရ သူမနှင့် နီးစပ်ဖို့အရေး ကြိုးစားမည်ဟု စဉ်းစားပြီး ဖွင့်လက်စ ကားတံခါးကို ပြန်ပိတ်ကာ သူမ ဆီသို့သွားရန် အလျှင်အမြန်ပင် လှည့်အထွက်
"ဟာ....."
"အား...... "
လှည့်ထွက်လိုက်သည့် သူ့အရှိန်နှင့် အဘွားအိုကြီးတစ်ယောက်ကို Lisa ဝင်တိုက်လိုက်မိပါသည် ။ အဘွားအိုကြီး လဲက်သြား၏။
"ကျိုးပြီလား မသိဘူး...အား ကျွတ်... ကျွတ်.... ကျွတ်......"
ဝင်တိုက်လိုက်မိသည့်အတွက် သူအဘွားကြီးကို အားမနာမိဘဲ စိတ်ပင်ပျက်မိ၏။ အဘွားအိုကြီးလဲ ကျသွားသောကြောင့် သူမလေးနားသို့ သူရောက်နိုင်တော့မည် မဟုတ်ချေ။

YOU ARE READING
First Kiss
RomanceFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...