-21-

3.1K 241 29
                                    

"မနက်ဖြန် ဟန်မြစ်ဘေးက နေရာလေးမှာ အနက်​ရောင် ဂျင်းဂျာကင် နဲ့ ဒီ ပုံစံဦးထုပ်လေး ကို၀တ်ပြီး မနက် ၈နာရီလောက် အရောက်ပါသွားပါ CEO ။ အဲ့ဒိမှာ Jennie Kim ရှိနေလိမ့်မယ် ။ CEO ပြောချင်တာ ပြောလို့ရတာပေါ့ "

ရင်ထဲမှ အချစ်များကို မျက်ကွယ်ပြုပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေး ၊ သူကိုယ်တိုင် ဒါရိုက်တာလုပ်နေမိပါ၏ ။

" တစ်ကယ်လား ?"

သူ ဇာတ်ညွှန်းကြောင့် အလွန်ပျော်ရွှင်သွားသူကတော့ Lisa ပင် ဖြစ်ပါတော့သည် ။ မနက် Company လာတုန်းက Jen ကို သူကိုယ်တိုင်ချိန်းခဲ့ပြီး သူ့အစား Lisa ကို သူကိုယ်တိုင် လွှတ်မိပြန်၏​။

" သေချာလို့လား Kai "

"သူနဲ့ သူချစ်သူ ချိန်းနေတာ ကျွန်တော်ကိုယ်တိုင် ကြားခဲ့တာပါ "

သူ့ပါးစပ်ကပင် ချိန်းပစ်ခဲ့သည့် မဟုတ်ပါလား ။

" သွားတာနဲ့ Kai ပြောတဲ့ပုံစံ အ၀တ်အစားကို ဘာအတွက် ၀တ်သွားရမှာလဲ ?"

" သူ့ ချစ်သူကိုလည်း သူ အဲ့ဒိပုံစံ ၀တ်ခဲ့ဖို့ သူမှာနေတာ CEO ။ Jennie Kim က အနက်ရောင် အရမ်းကြိုက်တာ ။ အဲ့ဒါကြောင့် တိုက်ဆိုင်မှု ဖြစ်အောင် ဖန်တီးပေးလိုက်တာပါ ။ CEO ကိုလည်း သူပိုပြီး မှတ်မိသွားတာပေ့ါ "

သူပြောတဲ့အတိုင်း Lisa တသွေမတိမ်းလုပ်ခဲ့ပါသည် ။ သို့သော် သူ့ဇာတ်ညွှန်းထဲတွင် Jen က Lisa ကို နမ်းလိုက်သည့် Scene တော့ မပါချေ ။

Jen ကိုယ်တိုင် စိတ်လိုလက်ရပေးလိုက်သည့် Valentine present က အနမ်းတစ်ခု ဖြစ်နေမှန်းကို Kai မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရချိန်တွင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရင်း ငိုနေမိပါတော့သည် ။ သို့သော် သူ ထိုဇာတ်ကြီးကို ဆက်ကနေဦးမည်ပင် ။

ထိုနည်းတူစွာ သူမ၏မွေးနေ့ရက်များ ။ သူမ ၏ အလေ့အထများ ။ သူမ ၏ လိပ်စာတို့ကို သူကိုယ်တိုင် Lisa ကို သတင်းပေးခဲ့ပါတော့သည် ။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹


တာ၀န်ယူမည်ဆိုသော ကတိအရ Kai မိခင်၏ အသုဘကိစ္စတွင် အားလုံးကို ကိုယ်ဖိရင်ဖိ ကူညီခဲ့သော်လည်း Jennie Kim ကိစ္စနှင့်ပတ်သက်ပြီး သူလုံး၀မကျေနပ် ။ Kai နှင့် Jennie သာ ချစ်ကြိုက်နေခဲ့သည်ကို သူသိနေခဲ့လျှင် သူအောက်တန်းကျကျ ရှေ့ဆက်တိုးလိမ့်မည်မဟုတ် ။ အခုတော့ Kai က သူနှင့် Jennie ကို ကောင်းစွာ အကွက်ရွှေ့ပြီး ကစားလို့နေ၏။


First KissWhere stories live. Discover now