-4-

2.5K 235 4
                                    

💖🧚‍♀️
သူမ နှင့် မောင် တွေ့ဆုံပုံလေးမှာ အင်မတန် ရိုးလွန်းပါသည် ။ မှတ်မှတ်ရရပင် လွန်ခဲ့သော ၃ နှစ် အကြာက ။ ထိုနေ့က လစာထုတ်ရက် ။ သူမ အိမ်တွင် လိုအပ်တာလေးတွေ ၀ယ်ပြီး စီးနေကျ Bus ပေါ်သို့တက်ရင်း မောင် နှင့် တွေ့တာ ။ သူမ နှင့် မောင် Gate တစ်ခုထဲမှ ကားပေါ်သို့ တက်မိကြသော်လည်း မောင်က အရင်ဦးဆုံး ထိုင်စရာနေရာ ရလေသည် ။

မောင်သည် ထိုင်ခုံတွင် ၀င်ထိုင်လိုက်ပြီးမှ သူမကို အားနာသွားပြီး နေရာမှ ထပေးတယ်လေ။ သူမ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပါသည် ။ ထိုစဥ် မောင့် လက်ထံတွင်လည်း မောင့် မေမေ အတွက် ၀ယ်လာသော ဆေးများ အသုံးအဆောင်ပစည်းများနှင့်ပြည့်နှက်နေကြောင်း သူမ တွေ့လိုက်ရပြီး မောင့်ထံမှ ယူကိုင်ရန် ပြောသော်လည်း မောင်က အားနာစွာ ငြင်းပါသေး၏။

" သူမှာ သယ်စရာပစည်းတွေရှိရဲ့သားနဲ့ ငါ့ကို နေရာဖယ်ပေးတယ် ။ လူပီသ လိုက်တာ "

ဟူသော ကောက်ချက်လေးဖြင့် မောင့်ကို သူမ စတင်သတိထားခဲ့ခြင်းဖြစ်ပါသည်။


ထို့နောက်တွင်တော့ သူမ နှင့် မောင် ကားဂိတ်တွင် ကားစောင့်ရင်း ခနခန တွေ့ရင်း မျက်မှန်းတမ်းမိလာတာကနေစလို့ ခင်မင်လာပြီး နေ့တိုင်းလိုလို တွေ့ဖြစ်ကြတယ်လေ။ တစ်လခန့် လွန်သော် မောင်က သူမကို ချစ်သူဟု ဖွင့်ပြောလာတော့ သူမ ကြည်နူးရပါသေးတယ် ။ နောက် ထုံးစံ တစ်ခုအတိုင်း မောင့်ကို တစ်လချိန်းပြီး တစ်လပြည့်တဲ့နေ့မှာ သူမ အဖြေပေးခဲ့မိတယ်လေ။


သူမတို့ချစ်သူသက်တမ်းသည် ယခုဆိုလျှင် (၃)နှစ်ပင် ကျော်လွန်ခဲ့လေပြီ ။ သို့သော် တစ်ခါမျှ ရန်မဖြစ်ဘူးချေ။ မောင် ကအလွန့်အလွန်ကို အေးပါ၏ ။ သူမ ဘာပြောပြော ခေါင်းညိတ်ကာ နားထောင်တက်သည်။ ထို့အပြင် မောင့်ထဲတွင် သူမ မကြိုက်သည့် အလေ့အကျင့် ဘာမှ မရှိချေ ။


"ဘ၀ကို ခိုင်မာအောင် ကြိုးစားပြီးမှ ကိုယ်တို့ ဘ၀ကို တည်ဆောက်ဖို့ ဆက်စဥ်းစားကြတာပေါ့နော် "

ဟူသော စကားကိုသာ မောင့်ဘက်မှ ဦးဆောင်ပြောခဲ့ပါ၏။

သူမ အတိတ်များကို တွေးနေစဥ်မှာပင် မောင်သည် သူမ မျက်၀န်းထဲသို့ ၀င်လာပါတော့သည် ။


First KissWhere stories live. Discover now