-3-

2.6K 249 2
                                    

သူမ သည် မိဘမဲ့တစ်ကောက်ကြွက်ပင် ။ မိဘတွေ မရှိတော့ကတည်းက သူမ၏သူငယ်ချင်းဖြစ်သူ Kim Jisoo နှင့် တိုက်ခန်းတစ်ခုတွင် အတူငှားနေကြကာ သူမကတော့ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ် ဖြင့် ကျောင်းခန နားထားပြီး အလုပ်လုပ်နေရခြင်း ဖြစ်ပါသည် ။ ကျောင်းစရိတ်အတွက် သူမ တစ်ယောက်ထဲ ရှာဖွေရသည်မှာ အဆင်မပြေနိုင်သောကြောင့်ပင်။

လွန်ခဲ့သော (၃) နှစ်က သူမ နှင့် Kai တို၌ တွေ့ခဲ့ကြပါတယ် ။ Kai သည်လည်း သူမကဲ့သို့ ဘ၀ကို ရုန်းကန် နေရသူတစ်ယောက် ဖြစ်ပါသည်။ သို့သော် Kai မှာက မိခင်ရှိသေးတယ်လေ ။

Kai မိခင်သည် ကျန်းမာရေးအလွန်ချို့တဲ့လွန်းတာကြောင့် သူမတို့ ချစ်သူသက်တမ်း (၃)နှစ်ဖြစ်နေသော်လည်း လက်ထပ်ဖို့ကို အနည်းငယ်မျှ မစဉ်းစားမိကြခြင်းသာ ။ ထို့အပြင် Kai ဘက်မှလည်း သူမကို တစ်ခါဖူးမျှ လက်ထပ်ဖို့ မပြောဖူးပါချေ ။


..........................

" Jen နင် ဘာတွေ တွေးနေတာလည်း ။ ငါ ခေါ်နေတာဖြင့် ကြာလှပေါ့ "


" အာ...........ဆောရီး JiJi ရယ် .... ငါအတွေးလွန်သွားလို့...."


" ဘာတွေကိုများ ဒီလောက်တွေးနေတာတုန်း.....ငါ့မှာ နင့်ကို ခေါ်ရင်း အသက်တောင် ထွက်တော့ မယ် .. "


" မောင် နဲ့ အကြောင်းပါ ဟာ.... ပြီးတော့ .... လူတစ်ယောက် အကြောင်း....."


" ထူးထူးဆန်းဆန်း လူတစ်ယောက်အကြောင်း.......တစ် မောင် ထဲ မောင် နေ တက်တဲ့ နင်က အခြား လူ တစ် ယောက်အကြောင်း တွေးနေတယ် ဆိုပါလား... ထူးဆန်းစွ...."


" ငါနင့်ကို ဟိုတစ်ခါပြောပြဖူးတဲ့လူလေ ...."


" မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်မလေး ... နင့် မောင်နဲ့ မှားပြီး...,နင်...... "


" ဟိုးထား ...ဟိုးထား... အာ့တာကြီး ပြန်ပြန် အစ မဖော်စမ်းပါနဲ့ဆိုနေ....ဟုတ်တယ် အာ့တစ်ယောက်..."


" ကဲ ဆိုစမ်းပါဦး အာ့တစ်ယောက်အကြောင်း တွေးနေရလောက်အောင်ထိ သူက နင့်ကို ......."


" ဟုတ်တယ် ငါလည်း အဲ့ဒါ ထူးဆန်းနေမိတယ်.... မောင် နဲ့ မဖြစ်ဖူးတဲ့ ရင်ခုန်မိတာမျိုးပါ ခံစားနေရတယ်... အဲ့အတွက် မောင့် အပေါ် မလုံသလိုခံစားနေရတယ်ဟာ........"


First KissWhere stories live. Discover now