-9-

2.3K 222 6
                                    

ခါတိုင်းတွင် သူမ အလုပ်လာတိုင်း​ ​ခြေလှမ်းများသွက်လက်နေတက်သော်လည်း ယနေ့တွင်တော့ သူမ ခြေလှမ်းများ လွန်စွာလေးလံနေ​ပါသည် ။ ရုံးထဲသို့ရောက်သည့်တိုင် သူမ လွန်စွာ မွမ်းကျပ်နေ​၏။ သူမ ကို ကြိုးပေးသတ်မည့် သတ်ကွင်းတစ်ခုနှယ် ။

တစ်ယောက်ထဲသမားဖြစ်သောကြောင့် တိုင်ပင်စရာ မိဘဆွေမျိုးလည်းမရှိ။ ရှိသည့် တစ်ဦးတည်းသော သူငယ်ချင်းကို ကိုယ့်အပူတွေ မပေးချင်။ ထို့ကြောင့် မည်သူနှင့်မျှ သူမ အခက်အခဲကို မတိုင်ပင်နိုင်ပေ။ မွမ်းကျပ်လာတိုင်း သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိသည်။

" ကော်ဖီလာတိုက်တာ Ni ။ ဒီ မနက် ကော်ဖီသောက်ပြီးပြီလား "

ရုံးခန်းဝတွင် ပေါ်လာသော သူ့ကိုပင် သူမ တုံ့ပြန်ရန် မေ့နေ​၏။

" ကိုယ်ဝင်လာခဲ့မယ်နော် "

သူ့ကို ငေးကြည့်နေတုန်းမှာပင် သူသည် သူမ အရှေ့ ထိုင်ခုံအလွတ်တွင် ထိုင်လိုက်လေသည်။

" ကော်ဖီသောက်ဦး Ni "

သူသည် အသင့်ယူလာသော ကော်ဖီခွက်လေး ကို သူမထံသို့ချပေးလိုက်သည်။ Jen ကော်ဖီကို ယူသောက်လိုက်ပါ​၏။

" ဒီနေ့ တိတ်ဆိတ်လှချည်လား Ni "

သူရောက်လာလျှင် နောက်တစ်ခေါက် မလာတော့ရန် တားမြစ်မည်ဟူသော သူမ ဆုံးဖြတ်ချက်ကိုပင် သူ့ကို ဖွင့်မပြောချင်တော့ချေ။ စိတ်ညစ်နေသည့်အချိန်ဖြစ်သောကြောင့် Jen သူနှင့် စကားပြောနေရသည် ကိုပင် ကျေနပ်နေသလိုပင်။ သူ့ ကို Jen အနားတွင် ရှိနေစေချင်မိသည်။

"ဘာဖြစ်နေတာလည်း ? တစ်ခုခုဖြစ်နေတာလား Ni "

သူမ ခေါင်းခါပြလိုက်သည်။

"ကော်ဖီကောင်းလား ? "

Jen ကော်ဖီကို တစ်ငုံသောက်လိုက်မိသည်။ တကယ်တော့ သူမကို သူက ကော်ဖီသောက်စေချင်သောကြောင့် မေးလိုက်ခြင်းသာ ။

"ကောင်းပါတယ် "

"ဘာဖြစ်နေတာလဲ ? "

မျက်ခုံးလေးမြှင့်ရင်း သူက မေး​၏။ စိတ်ညစ်နေသော်လည်း သူမ ရင်ခုန်သွားရပြန်သည်။

First KissWhere stories live. Discover now