မောင် သူမ ခေါ်သံကြောင့် လှည့်ကြည့်လာ၏ ။
" မောင် Jen ကို သတိရလို့ လာတာ "
သူမ ဘာအကြောင်းနဲ့ အပြင်သွားခဲ့သည်ကိုတော့ မောင့်ကို မတင်ပြချင်တော့ ။ သူမ သူ့ကြောင့် မောင့်ကို ဖုန်းကွယ်တက်နေပြီ ။
"စောင့်နေရတာ ကြာပြီလား မောင် "
"ကော်ဖီသွားသောက်ရအောင် Jen လိုက်ခဲ့နော် "
သူမ မောင့်တောင်းဆိုမှုကို မငြင်းရက် ။ သူမ မောင် နဲ့ ကော်ဖီဆိုင်ကို နောက်တစ်ခါ ထိုင်ဖြစ်လိုက်
ပြန်သည်။" Jen ဘာသောက်မလဲ "
" Jen အတွက် ရေ ပဲပေးပါ။Jen ရေဆာလို့ "
သူ နှင့်ကော်ဖီ သောက်ခဲ့ပြီးပြီမို့ ထပ်မသောက်ချင်တော့ ။
မောင်က ကော်ဖီတစ်ခွက်နှင့်ရေသန့်တစ်ဘူးမှာလိုက်သည် ။
" မောင် မနေ့ကတည်းက Jen ကို သတိရနေတာ "
" ဖုန်းဆက်လိုက်ပေါ့ မောင် ရယ် "
" Jen ကိုလည်း တွေ့ချင်လို့လေ "
မောင့်အတွက် သူမရင်ခုန်သံများကို ပင်ပန်းကြီးစွာ ငြင်းပယ်ရင်း၊ သူမ အပေါ်တွင်ထားသည့်
မောင့် မေတ္တာ အတိမ်အနက်ကို သူမ တိုင်းတာ ချင်လာ၏။" မောင်......Jen ကို ဘယ်တုန်းကစပြိး သတိထားမိတာလဲ? "
"ဘာဖြစ်လို့လည်း Jen ရုတ်တရက်ကြီး "
" သိချင်လာလို့ပါ "
"အရင်က မောင့်အလုပ်ကို Jen အရင်နေတဲ့ အဆောင်ရှေ့က ဖြတ်လျှောက်သွားရတာလေ။ အဲ့ဒိတုန်းကတည်းက Jen ကို မောင် မြင်ဖူးပါတယ်။ သတိထားမိတယ်လို့တော့ မဟုတ်ဘူး "
" Jen ကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားသွားတာလဲ "
Kai သေချာစွာ စဥ်းစားရင်း....
" မောင် Jen ကို မြင်ဖူးပေမယ့် ပုံမှန်ပါပဲ။ တစ်ရက် မောင့် သူငယ်ချင်းတစ်ယောက်က Jen အရမ်းချောတဲ့အကြောင်းပြောတာကို မောင် အမှတ်မထင်ဘဲ ကြားလိုက်ရတယ် ။ နောက်တစ်ရက် သူ့စကားကြောင့် Jen ကို သတိထားပြီး ကြည့်လိုက်မိတယ် ။ အဲ့တုန်းက Jen အလှကို မောင်သတိထားမိပြီး စိတ်ဝင်စားသွားတာ "
YOU ARE READING
First Kiss
RomanceFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...