ဒီနေ့ကို ဘာလို့မှန်းမသိ သူမ ရင်ခုန်နေမိသည် ။ ပထမဆုံး အတွင်းရေးမှူးအဖြစ် စတင်အလုပ်၀င်ရမည့်နေ့မို့ပင် ။ ကုမ္ပဏီ အတွင်းမှ လူတစ်ချို့ကတော့ သူမကို မနာလိုသည့်မျက်၀န်း ၊ အားကျသည့် မျက်၀န်း ၊ ရှုံ့ချသည့်မျက်၀န်း ... မျက်၀န်းပေါင်းများစွာနှင့် ၀င်လာကတည်းက ကြည့်နေကြသည်လေ ။
"Unnie Jen .....Con Con ပါ ။ တူတူမလုပ်ရတော့ဘူးဆိုတော့ လွမ်းနေရတော့မှာပဲ "
" အမလေး Nayeon ရယ် .. တစ်ရုံးထဲဟာကို ။ တစ်ကယ်ပါပဲ "
" ဟွန့် ... ဒါမဲ့ တူတူမှ မဟုတ်တော့တာကို .... ။ Unnie ကိုတော့ တစ်ကယ်ကို အားကျတယ် , Yoen ကို မေ့မထားနဲ့နော် "
"အော် ...မေ့စရလားလို့ .... ကဲ အပေါ်တက်လိုက်ဦးမယ် ... CEO မလာခင် လုပ်စရာလေးတွေ ကြိုစီစဉ်ထားပေးရဦးမှာမို့ "
"ဟုတ်... ထမင်းစားချိန်တော့ ထမင်းစားခန်းမယ်မှာ စုံမယ်လေနော်....."
" ဟုတ်ကဲ့ပါရှင် "
သူမ ကို ဒီကောာင်မလေးကတော့ တစ်ကယ်ကိုခင်မင်တာ သိပါသည် ။ သူမလည်း တရုံးလုံးမှာ ထိုသူမလေးနှင့်သာ ခင်မင်ရပါသည် ။ သူမ အတွေးများဖြင့်ပြုံးကာ အပေါ်တက်လာလိုက်တော့သည် ။
Senior Secretary Unnie ဆီမှ လုပ်ကိုင်ရမည့် အတွင်းရေးမှူးတစ်ယောက်ရဲ့တာ၀န်များကို မေးမြန်းသင်ယူလိုက်ပါသည် ။ တစ်နာရီလောက် နေတော့ သူမ သိသင့်သိထိုက်သည်များကို သိသွားသည်မှာ အမှန်ပင် ။ ကိုယ့်ဟာကိုယ်တောင် အထင်ကြီးသွားရသည် ။ ငါလေး အတော် ဥာဏ်ကောင်းတာပါလားပေ့ါ ။ သူမ ထိုနေရာရာထူးအတွက် ကြောက်နေမိသည်မှာ လွန်ခဲ့တဲ့ တစ်နာရီထိပင် ။ အခုတော့ CEO လာလျှင် လုပ်ကိုင်ရမည့် ကိစ္စများပင် အဆင်သင့် လုပ်ထားပြီး စောင့်နေနိုင်ပြီလေ...။
ကိုယ်ဟာကိုယ်လည်း
" Jennie Kim is the best "။
ဟု လက်မလေးထောင်ကာ ပြုံးပြုံးကြီး ချီးကျူးလိုက်မိသေးတာ ။
ထိုစဉ် ... ဘယ်ချိန်က ရောက်နေသည်မသိသည့် CEO က
" Right .... Jennie Kim is the best " ရယ်လျက်ဆိုသည် ။

YOU ARE READING
First Kiss
RomanceFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...