-15-

2.4K 232 24
                                    

သူမ အိပ်ရာမှ ထပြီး ဒီနေ့က မောင့်   မွေးနေ့မို့ ဘုရားကျောင်းသွားရန် အလျှင်အမြန် ပြင်ဆင်ကာ  အခန်းအပြင်သို့ထွက်လာလိုက်သည် ။Ji ကို ပြောရန် ရှာတော့  ထမင်းစားခန်းဘက်က အသံကြားလိုက်တော့ ထမင်းစားခန်းထဲသို့ ၀င်လာလိုက်ရာ ထမင်းစားခန်းထဲတွင် Ji အပြင် သူ နှင့် Chae  ကိုပါတွေ့လိုက်သည် ။ သူက

" နိုးပြီးလား Ni ။ မောနင်း .....
လာလေ မနက်စာ စားရအောင် "

"ဟင့်အင်း မစားတော့ဘူး "

"ဟင် ဘာလို့လည်း ..... ကိုယ်အများကြီး၀ယ်လာတာ "

" ဟို ....... မစားတော့ဘူး .... သွားစရာလေးရှိလို့ "

သူမ အာ့လို ဖြေလိုက်တော့ Ji က ...


" ဒီနေ့ ပိတ်ရက် မဟုတ်လား Jen..."

" အင်း ... မောင့် မွေးနေ့မို့ ဘုရားကျောင်းသွားမို့... မနက်စာလည်း အပြင်မှာပဲ စားလိုက်တော့မလို့ Ji "

သူမထိုသို့ ဖြေလိုက်တော့ ထမင်းစားပွဲမှာ ထိုင်နေတဲ့ သူ  မျက်နှာပျက်သွားသည်လေ ။  သူမလည်း မတက်နိုင်ဘူးလေ ။  မောင့်မွေးနေ့ဆိုတော့ မောင့်ကို အချိန်လေးတော့ ပေးမှဖြစ်မည်ဟု သူမ  ဦးစားပေးတွေးရတော့မည်လေ ။ သူ ဒီမနက်လည်း ရောက်နေလိမ့်မည်လို့မှ  သူမ ထင်မထား ။ သူ့ သူငယ်ချင်းက
Ji ရဲဲ့ ချစ်သူဆိုတော့ သူလည်း အဖော်ပါလာရသည်ပဲလားမသိ ။ သူမ သူ မျက်နှာမကောင်း ဖြစ်သွားတော့ ထပ်တူ စိတ်မကောင်း ဖြစ်သွားရသည်။


ဒါပေမယ့် လက်ရှိသူမ ချစ်သူသည် မောင်သာ ဖြစ်၏ ။ မောင့် ကိုချစ်သူအဖြစ်လက်ခံခဲ့ပြီး ချစ်သူအဖြစ်ဆက်လက်ရပ်တည်နိုင်အောင် တက်နိုင်သရွေ့ ကြိုးစားနေရပါ၏။

သူ့ကိုတော့ သူမ ရင်ခုန်သံများကြောင့် အနားမှ မောင်းမထုတ်ရက် ။ မောင်းထုတ်လျှင်လည်း သူက သွားမည်မဟုတ်ပေ ။သူ့ အချစ်သည် မည်မျှ ဇွဲကြီးလည်း သူမ သိနေပါ၏



အမြန်နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာကာ မောင့်ကို အပြင်ကနေပဲစောင့်နေလိုက်တော့သည် ။ အိမ်ထဲတွင် ဆက်နေဖို့ အင်အားမရှိတော့ ။ ခနအကြာ မောင် သူမထံ ရောက်လာပါသည်။​


First KissWhere stories live. Discover now