"Jen......."
အိမ်အောက်ဆင်းလာချင်းချင်း တွေ့လိုက်ရတာက Kai ကို ပါ ။ သူမ မျှော်နေမိတာ Kai မဟုတ် ။ သူမ စိတ်ပျက်သွားမိသည် ။ Kai ရောက်ရောက်လာတာ ရက်ပေါင်းမနည်းတော့ ။ သူမ ဒီထက် ပြတ်ပြတ်သားသား ပြောဖို့တော့လိုပြီ။ ထို့ကြောင့်
" Kai ရှင် ဘာအတွက် ကျွန်မရှေ့မှာ ရှိနေပြန်သေးတာလဲ ၊ ရှင် ကျွန်မမျက်စိရှေ့ ပေါ်ကိုမလာသင့်တော့တာနော် "
" ဟို Jen ... မောင် တောင်းပန်ပါတယ်ကွာ ။ မောင့် မှာ Jen ပဲရှိတော့တာ ။ "
"ပြောပြီးပြီလေ ... ကျွန်မ မှာ ရှင်ရှိမနေတော့ဘူး ။ ရှင့်ကိုလည်း မချစ်တော့ဘူး ။ ကျေးဇူးပြုပြီး ကျွန်မရှေ့ ထပ်ပြီး ပေါ်မလာပါနဲ့တော့ရှင် "
သူမ သူ့ရှေ့မှ ပြတ်ပြတ်သားသားပြောကာ အလုပ်သွားရန် ကားဂိတ်ကို ထွက်လာမိတော့သည် ။
သူကတော့ ငူငူငိုင်ငိုင်ကြီးကျန်ခဲ့လေတော့သည် ။🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
Lisa စိတ်ညစ်ညစ်နဲ့ လျှောက်သွားနေမိတာ အခု ဘူဆန်မှာ ရှိတဲ့ ကိုရီးယားရိုးရာအိမ်လေးတွေနဲ့ စုဖွဲ့ထားတဲ့ Gamcheon ဆိုတဲ့ ရွာကလေးကိုရောက်နေပါ၏ ။ တောင်စောင်းတစ်လျှောက်မှာ စုဖွဲ့တည်ဆောက်ထားတဲ့ ရောင်စုံအိမ်လေးတွေနဲ့ ရွာကလေးက ဘူဆန်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုဆိုလည်း မမှားပါဘူး ။
ကိုရီးယားပြည်တွင်းစစ်ကြောင့် စစ်ဘေးဒုက္ခသည်တွေဖြစ်ခဲ့ရတဲ့ ထောင်ပေါင်းများစွာသော လူတွေအတွက် Gamcheon ဆိုတဲ့ရွာကလေးကို တည်ဆောက်ခဲ့တာပါ။ နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံ အစိုးရက Gamcheon ရွာကို ကမ္ဘာ့ခရီးသွားတွေကို စွဲဆောင်ဖို့အတွက် ယဉ်ကျေးမှုနေရာတစ်ခုအဖြစ် ဖော်ဆောင်ခဲ့ရာက အခုဆိုရင် နိုင်ငံတကာခရီးသွားတွေအများဆုံးလာတဲ့ အထင်ကရနေရာတစ်ခု ဖြစ်လို့နေပါပြီ ။
Lisa ကင်မရာလေးတစ်လုံးလွယ်ကာ Gamcheon ရွာလေးထဲ လျှောက်ကြည့်လိုက် ဓါတ်ပုံရိုက်လိုက်လုပ်နေပါ၏ ။ ရှုပ်ထွေးပြီး ကျဉ်းမြောင်းတဲ့လမ်းတွေကြောင့် လမ်းလျှောက်ရင်း လမ်းပျောက်လာပါတော့သည် ။ သူ မြေပုံလေး မ၀ယ်ခဲ့မိသည်ကို အခုမှ နောင်တရမိပါတော့သည် ။
![](https://img.wattpad.com/cover/271233785-288-k25204.jpg)
YOU ARE READING
First Kiss
RomanceFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...