COY - 3

6.7K 648 24
                                    

Unicode

Dating New ကြောင့် ရှောင်းကျန့် အလုပ်ထိခိုက်ခြင်း မရှိခဲ့ပါ၊၊ ရှောင်းကျန့်က အာရှတစ်ခွင် အောင်မြင်နေတဲ့ ကြယ်ပွင့်ကလေးပဲလေ၊၊ ဒီလို မဖြစ်စလောက် ကိစ္စ လေးနဲ့ အောက်ဆုံးထိ ထိုးကျသွားစရာမှ မလိုတာ၊၊

သွေးသားဆန္ဒနဲ့ ဖွဲ့စည်းထားတဲ့ လူသားတွေမို့ ချစ်ခြင်း၊ မုန်းခြင်း၊ ရမ္မက် က တော့ လူပုဂ္ဂိုလ်တိုင်း မှာ အသီးသီး ပါလာကြသည်၊၊

သံသရာ အဆက်ဆက် ပါရမီကျင့်ကြံလာသည့် ပုဂ္ဂိုလ် ထူးလည်း မဟုတ်တော့ အခက်သားရယ်၊၊

အမ်မလီ သူမက သိပ်လှတယ်၊၊ သွားတက်ဖွေးဖွေးလေးတွေက သူမ နှစ်နှစ်ကာကာ ရယ်လိုက်တိုင်း ပေါ်လာတတ်တယ်၊၊ ရွှေဝါရောင် ဆံပင်နဲ့ ဒီအမျိုးသမီးလေးကို စတွေ့တော့ ငယ်ငယ်က သူ တိတ်တခိုး သဘောကျခဲ့ရတဲ့ ရွှေဝါရောင် ဆံပင်နဲ့ ဝမ်ရိပေါ် ကို သတိရမိစေပြန်သည်၊၊

အမ်မလီ က အမေရိကန် ပြင်သစ် ကပြားမလေး ဖြစ်ပြီး နိုင်ငံအသီးသီးတွင် ရုံးခွဲများရှိသည်၊၊ အမ်မလီ မိဘတွေက ဒိတ်ဒိတ်ကြဲ သူဌေးတွေ ဖြစ်လင့် ပြီး အမ်မလီ ကိုယ်တိုင်ကလည်း ထက်မြက်သွက်လက်သည်၊၊

ရှောင်းကျန့် နဲ့ အမ်မလီ စဆုံတာ ပွဲတစ်ခုမှာ ရှောင်းကျန့် သွားတက်ပေးရင်း ရွှေဝါရောင် အမျိုးသမီး လေးကို စိတ်ဝင်စားမိသွားတာလည်း ပါမယ်၊၊

နှစ်ယောက်သား သုံးလေးခါ ဆုံစည်းကြပြီး ချစ်သူ ဖြစ်လာခဲ့တယ်၊၊ အင်း... ဝမ်ရိပေါ် လေးကတော့ သူကို အသေ မုန်းနေပုံပဲ၊၊

သိသိသာသာ ဝမ်ရိပေါ် လေးရဲ့ လျစ်လျူရှု မှုတွေက ရှောင်းကျန့်ကို လက်နက်မပါဘဲ သတ်နေသယောင်၊ အသဲမာတဲ့ ဝမ်ရိပေါ် လေးပါလား၊၊

Schedule တွေနဲ့ ရှောင်းကျန့်က မအားမလပ်! ကြော်ငြာ တစ်ခု ရိုက်ဖို့ အတွက် ရှောင်းကျန့် လေ့ကျင့်နေရသည်၊၊ မိမိဘာသာ dialogue ဖတ်နေတုန်း ဝန်ထမ်း ဝတ်စုံနဲ့ လူတစ်စုက အထုပ်တွေ ဆွဲပြီး ရှောင်းကျန့်တို့ အလုပ် အခန်း ဝင်လာသည်၊၊

လူအများကြားက ထင်းလင်းနေသော ရှောင်းကျန့်ကလည်း ထိုလူများကို မရည်ရွယ်ဘဲ ကြည့်မိသွားသည်၊၊

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now