COY - 5

6.4K 613 38
                                    

Unicode


Rehearsal Time လေ့ကျင့်နေသော သူက ဝမ်ရိပေါ် ရွေးချယ်ထားသည့် မင်းသား Jackson Wang ဖြစ်လေသည်၊၊

Jackson Wang က ဘယ်လိုပြောရမလဲ၊ ဆွဲမက်ဖွယ်ရာ မျက်နှာကလေးနဲ့ အပြုံးလေးတွေက အစ ဖန်တွေရဲ့ သဲသဲလှုပ်မင်းသား တစ်လက်ဖြစ်ပြီး တရုတ်စကားကို မပီတပီ နှင့် ရယ်စရာကောင်းအောင် လုပ်တတ်သူလေး ဖြစ်လေသည်၊၊

သူ့ပုံစံလေးကိုက မြင်သူတိုင်း ချစ်စရာ လေး ဟု ခေါ်ချင်မိအောင်ကို အသဲယားစဖွယ်၊၊ တခြားတစ်ဖက်ကကြည့်ရင်လည်း Sexyကျတဲ့ မီမိုက်နေသော အမိုက်စား ကိုယ်ကလည်း တကယ်ကို Perfect 99.99%.

သြော်!! Jackson Wangက ဝမ်ရိပေါ် နဲ့ အကြိုက်တူတယ်၊၊ နံနံပင် အစ်တယ် ဘတ်စ် ၊၊

ရှောင်းကျန့်ကတော့ အဲ့လို မဟုတ် !
ရိပေါ် ကြိုက်တဲ့ နံနံပင်ကို သူမကြိုက်၊၊ နှစ်ယောက်သား ပြဿဒါး တစ်လမ်း သံတစ်လမ်း ဖြစ်နေခဲ့တာ ထိုသို့ပင် ဖြစ်လေသည်၊၊

Jackson Wang က အကရော အဆိုရော အကုန်တော်လေတော့ ဝမ်ရိပေါ် နဲ့ အကြိုက်ပါ တူနေတာက ကောင်းသော အရာတစ်ခုပဲလေ၊၊ ရှောင်းကျန့်ကတော့ ဂျောင်းတော့၊၊

" ရိပေါ် က ကော ကို ယခုလို သီချင်းဖျော်ဖြေဖို့ ကမ်းလှမ်းတော့ အရမ်း ဝမ်းသာမိတယ် "

Jackson Wang နဲ့ ရိပေါ်က စတွေ့ကတည်းက တရင်းတနှီး ရှိလှတော့ အခေါ်အဝေါ် ကလည်း ရှိန်နေစရာ မလိုလှပေ၊၊

" မလိုပါဘူး ကောရဲ့... ကောကလည်း အရည်အချင်း ရှိတဲ့ အနုပညာရှင် တစ်ယောက်မို့ ကျွန်တော် ဘက်က မြေတောင်မြှောက် ဖို့ သင့်တော်‌ ပါတယ် "

" အစကတော့ ကောထင်တာ ရှောင်းကျန့် ကော နဲ့ ရိပေါ်က အရမ်း ခင်မင် ရင်းနှီးကြတော့ Enter ရဲ့ Anniversary အတွက် ရှောင်းကျန့်ကောကိုပဲ ပွဲဦးထွက်ခိုင်းမယ် လို့ပေါ့ "

ကော စကားကြောင့် ဝမ်ရိပေါ် က ဟက်ဟက်ပက်ပက် ရယ်မောလေသည်၊၊

ခင်ဗျား ရဲ့ အဝေးမှာ အတတ်နိုင်ဆုံး နေနေတာတောင်မှ ခင်ဗျား ရဲ့ ကောင်းကြောင်းတွေက နားနဲ့မဆန့်အောင် ကြားရတယ်၊၊
တခြားသူ အမြင်မှာ ခင်ဗျား က အလုံးစုံ ပြည့်စုံနေတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့လည်း ဝမ်ရိပေါ် အတွက်တော့ ဒဏ်ရာတွေကို အနာမကျက်ရလေအောင် အမာရွက်ပေးပြီး အစိမ်းလိုက် ချန်ထားရက်လေသော " သူ " ဆိုတာ ဘေးလူတွေကမှ မမြင်မသိခဲ့တာ၊၊

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now