COY - 4

6.4K 642 37
                                    

Unicode

ဝမ်ရိပေါ် လေးသည် ကိုယ်တိုင်ရေးထားသည့် သီချင်းကို တစ်ကိုယ်တော် ဖျော်ဖြေစေရန် သူ၏ Entertainment မှ အဆိုအက ကျွမ်းကျင်သူ နှစ်ယောက် ကို အလိုရှိလေသည်၊၊ ထို့ကြောင့် လူရှာရန် ဟောက်ရွှမ်း အစီရင်ခံသော အနုပညာရှင်များရဲ့ ကိုယ်ရေးရာဇဝင် များကို လှန်လှောကြည့်ရှူနေလေသည်၊၊

တစ်ရွက်ပြီး တစ်ရွက် လှန်လှောရင်း မျက်ခုံးနှစ်ခုကလည်း တွန့်ကျိုးနေကာ မနှစ်မြို့မှုများ ပေါ်လွင်သိသာနေလေဟန် သူ ရှာသော သူကို မတွေ့သေးတော့ စိတ်ရှုပ်ထွေးမှုက မျက်နှာထက်တွင် ပေါ်လွင်နေသည်၊၊

ဝမ်ရိပေါ် လုပ်သမျှ အကဲခတ်နေသည့် ဟောက်ရွှမ်းသည်လည်း မနေနိုင်ဘဲ ဝင်ပြောမိလေသည်၊၊

" ရိပေါ် ! မင်းရှာနေတာ တစ်နာရီ မိနစ် သုံးဆယ် ငါးစက္ကန့် ရှိနေပြီ... မတွေ့ရင်လည်း ရှောင်းကျန့်ကော ကိုပဲ Solo songs ဆိုခိုင်းလိုက်လေ "

မိမိမှာ သက်သာရာ သက်သာကြောင်း ပြောလိုက်သော်လည်း....

" မ လို ဘူး "

ယတိပြတ် ခပ်မာမာ ထွက်လာသည့် ဝမ်ရိပေါ် က ဟောက်ရွှမ်းကို မကြည့်ဘဲ ဟောက်လိုက်သည်၊၊

သူ့ အပေါ် မကောင်းတဲ့ ဒီဘဲကြီးကို တာဝန်ပေးရအောင် ဝမ်ရိပေါ် သဒ္ဒါတရား လျော့နည်း လာလေသည်၊၊

ကုလားမနိုင်၊ ရခိုင်မဲ သော ဝမ်ရိပေါ် ကြောင့် မဆီမဆိုင် ဟေက်ရွှမ်းမှာ အင်တင်တင် ဖြစ်သွားရသည်၊၊ထားပါတော့ သူငယ်ချင်း က အသဲကွဲနေသူမို့ မိမိကပဲ မေတ္တာတရား ကြီးမားစွာ ခွင့်လွှတ်လိုက်ပါမယ်၊၊ ရည်းစားမထားချင်ရတဲ့ အကြောင်းအရင်းက ထိုအရာတွေကြောင့်ပင်၊၊

မိမိလို Singleလေးက တစ်ကိုယ်တည်း တောက်တောက်ပပ နေထိုင်ရတာ သူငယ်ချင်းဖြစ်သူ ဝမ်ရိပေါ် ကတော့ ရည်းစားမကျ ဘာမကျ ဘဲကြီးကြောင့် အပူမိနေလေရဲ့၊၊

" တွေ့ပြီ "

ကြယ်ရောင်သဖွယ် တလက်လက် တောက်ပနေသည့် မျက်ဝန်းညိုလေးများက တဖိတ်ဖိတ် လျှံကျနေသလို ဝမ်ရိပေါ် လေးက အလွန်အမင်း ပျော်ရွှင်ကြောင်း မျက်လုံးလေးများက ပြောပြနေသည်၊၊

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now