COY - 24

4K 352 35
                                    

[ Unicode ]

ပုံမှန်နေ့ရက်များနှင့် မတူဘဲ ယနေ့တွင်တော့ နေမင်းက အင်မတန် ပူပြင်းလွန်းလေသည်။ နေပူလွန်းသဖြင့် အိုက်စပ်စပ် ဖြစ်နေကာ ရှောင်းကျန့် သည် လေပန်ကာ အသေးစားကလေးကို ကိုင်လျက် အရိပ်တွင်ထိုင်နေသည်။ရိပေါ်ကို လွမ်းတယ်။

ရှေးခေတ်ဒရမ်မာကား တစ်ကား ရိုက်ရမှာမို့ ရှောင်းကျန့် တို့သည် ဝေးလံသော ဒေသကို ရောက်ရှိနေလေသည်။ဝမ်ရိပေါ် လေးနှင့် ပူပူနွေးနွေး ရည်းစား ဖြစ်ကာစ ရှိသေးတယ်။ခွဲခွာလာရလေတော့၏။ မချိတင်ကဲ နှင့် ရှောင်းကျန့် မျက်နှာက မှုန်ကုပ်ကုပ်ပင်။

သူရွေးချယ်ခဲ့တာ မမှားဘူးဆိုတာ သိနေသည်မို့ အမ်မလီနဲ့ တစ်ရက်ရက် တွေ့ပြီး ပြတ်သားရဦးမည်။သူဘက်ကလွန်ခဲ့သည်များ ရှိတယ်။ ဤအရာတွေကို ခွင့်လွှတ်ဖို့ မတောင်းခံဝံ့ပေမဲ့ တောင်းပန်ဖို့ရာက လွဲ၍ မရှိပေ။

" ဟူး... "

နေအပူနှင့်အတူ ရှောင်းကျန့် ရဲ့ စိတ်အစုံသည်လည်း ပူလောင်ဆွေးမြည့် နေလေသည်။

" Boss, ကောင်မလေးက ဒီကို ရောက်နေတယ် "

" ဘယ်လို... လီလီကလား... ရုတ်တရက်ကြီး ဘာကိစ္စကြောင့်လဲ "

" အဲ့တာတော့ မသိဘူးဗျ... ဟိုမှာ Boss ကောင်မလေး လာပြီ "

ရှောင်းကျန့် သည် ထိတ်လန့် တုန်လှုပ်သွားသော မျက်နှာလေးနှင့် အမ်မလီကို ခပ်တွေတွေကလေး ကြည့်ရှူလိုက်တယ်။ ပြုံးရွှင်နေတဲ့ မျက်နှာလေးကို ဝမ်းနည်းစရာများ ပေးကမ်း မိတော့မှာ တွေးမိပြီး စိတ်နောက်ကျိသွားလေသည်။

" ကို... အရမ်းပူတယ်မလား။ အအေးလေး သောက်လိုက်ဦး "

" ကျေးဇူး ... လီလီ "

လီလီက ရိုက်ကွင်း နေရာကို လှည့်ပတ်ကြည့်ရင်း ရှောင်းကျန့် အနားက ခုံလေးတွင် ကပ်ထိုင်သည်။ နှစ်ယောက်သား ဘာစကားမှ မဆိုဖြစ်ပေမဲ့ နှစ်ယောက်လုံး စိတ်အစုံသည် အတွေးကိုယ်စီနှင့်သာ ရှုပ်ထွေးပွေလီ နေတော့သည်။

" လီလီ... ကိုယ်ပြောစရာရှိတယ်။ တစ်နေရာကို လိုက်ခဲ့ပေးပါလား "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now