COY - 35

2.9K 215 24
                                    

♡︎Unicode♡︎

ရှောင်းကျန့် ကတော့ အိမ်အတွင်းအပြင် အပူသည်ကြီး တစ်ယောက်လို ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ ရိပေါ်က အခုနောက်ပိုင်းမှာ တစ်ခုမဟုတ်တစ်ခု ပြောင်းလဲစပြုလာတယ်။ အပြင်လည်း မကြာခဏ ရှောင်းကျန့် မသိအောင် ထွက်သည်။ ရှောင်းကျန့် ရင်ထဲ မငြိမ်သက်သော သံသယ မုန်တိုင်း လေးဟာ ရိုက်ခတ်စပြုလာတော့သည်။

" ဆရာ ဟိုလျှောက်ဒီလျှောက်နဲ့ အတွေးများနေလို့လား... ဒါမှမဟုတ် ဖင်နီတာထလို့လား "

ဘောင်းဘီခပ်ပွပွကြီး ဝတ်ထားပြီး သူကို ပေါက်တက်ကရတွေ လာမေးနေတဲ့ ယွီပင်း ကို ရှောင်းကျန့် စိတ်မကြည်ရတဲ့အထဲ ဒေါပွပြီး အနီးက သစ်ပင်အခက်အလက်များ ကိုက်သည့် ကတ်ကြေးနှင့် ရွယ်လိုက်တယ်။

" ငါ့ မျက်နှာက အခု စနောက်ရမဲ့ အချိန်လား "

" ဆရာကလည်းဗျာ... စိတ်လျော့ပါ။ ဒေါသခဏခဏ ထွက်နေရင် အစ်ကိုလေးထက် အရင်အိုသွားဦးမယ်။နဂိုကမှ ဆရာက အစ်ကိုလေးက ခြောက်ဆလောက် ကြီးနေတာမလား "

" ဒီဖေ !! ဟေ့ကောင်... မင်း ငါ့ကို ခနဲ့တာလား။ နှစ်သိမ့်တာလား "

ယွီပင်း ပါးစပ် ပိတ်သွားရသည်။ ဆရာ့ ပုံစံက ကြောက်စရာကြီး။ မေးကြောတွေ တင်းမာနေပြီး လက်သီးဆုပ် ထားတာကို မကြာခင် တိုက်စစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အတိုင်းပဲ။ သူ့ဆရာ ရှောင်းကျန့် က ဒေါသထွက် ရင် အရမ်း ကြောက်ဖို့ကောင်းတယ်။ အခုလည်း အံတကြိတ်ကြိတ် ဖြစ်နေပုံက ယွီပင်း ကြက်သီးပါထမိသွားလေသည်။

" အစ်ကိုလေး က ဟိုဘက်ခြံသွားတာမို့ ဆရာက စိတ်မပူလည်း ရပါတယ်ဗျ။ ဒေါက်တာကျိုးချန်က အင်မတန် ချစ်ဖို့ကောင်းပါတယ် "

ယွီပင်း သည် Crush အမည်လေး ပြောလိုက်ရရုံနဲ့တင် သူ့မျက်နှာက အပြုံးလေးက ခပ်မြူးမြူး တက်ကြွနေတော့သည်။ ရှောင်းကျန့် ကတော့ မျက်နှာထားက ခက်ထန်နေတုန်း။

" လွန်ခဲ့တဲ့ ရက်တွေကတည်းက အဲ့ခြံကို သွား,သွားနေတာလား။ ငါတောင် မသိရပါလား "

" ဒါတော့ ကျွန်တော် မပြောတတ်ဘူး ဆရာ... အစ်ကိုလေးက ဆေးကုသမှု ခံယူနေလား မသိပေမဲ့ ပြန်လာတိုင်း မျက်နှာလေး နွမ်းလျနေတယ် "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now