COY - 10

6.3K 570 66
                                    

Unicode

ရှောင်းကျန့်ကို Show တစ်ခုက ဖိတ်ထားသဖြင့် ရှည်လျား စပ်စုလှသော MC ရဲ့ စပ်မိစပ်ရာ မေးမြန်းမှုများများကို အောင့်အီး ကာ ဖြေကြားနေရလေသည်၊၊

" အခု မေးချင်တာက ရှောင်းကျန့် အတွက် တကယ့်ကို မထင်ထားတဲ့ အရာပဲ ဖြစ်လိမ့်မယ် "

ရှောင်းကျန့်က အပိုစကားမမေးဘဲ MC အပြောကိုပဲ အာရုံစိုက် နားထောင်နေလေသည်၊၊

" Weibo မှာ Hot Search ဖြစ်နေတဲ့ အကြောင်းအရာလေး... ရှောင်းကျန့်ကို CEO ဝမ်ရိပေါ်  နဲ့ လိုက်ဖက်တယ် ဆိုပြီး Shipနေကြတဲ့ Fan လေးတွေ ရှိတယ်၊၊ သူတို့ကို ရှောင်းကျန့် ဘက်က ဘာပြောချင်ပါသလဲ "

ရှောင်းကျန့်က MC အမေးကို မဖြေနိုင်ဘဲ ခေါင်းငုံ့ကာ ရှက်ရယ်ရယ်သည်၊၊

" အွန်း... ထင်ချင်သလို ထင်ကြပါစေ ဟားဟား  "

အရှက်ပြေ ရယ်လိုက်တဲ့ ရှောင်းကျန့် အပြုံးကြီးက မသိရင် သူ့တို့က အတွဲတွေလို... ၊၊

" အို့ ! ဒါဆို ရှောင်းကျန့် ကောင်မလေးက ဒါကို သိသွားရင်ရော ဘယ်လို တုံ့ပြန်မယ်ထင်ပါသလဲ "

" မင်း က ငါ့ကောင်မလေး မို့လို ပြောပြရမှာလား ၊၊ ဆိုင်လို့လား  "

" တောင်းပန်ပါတယ် "

အချိုးမပြေတဲ့ MC ကြောင့် ရှောင်းကျန့်က စိတ်ပေါက်ပေါက် နဲ့ပြောလိုက်တော့ MC မက ပါးစပ် အသာလေး အုပ်ကာ ရယ်သွေးရွှန်းလေသည်၊၊

" မကြာခင်မှာ ကျရောက်လာမဲ့ မိုးရာသီအတွက် ပရိသတ် တွေကို ဘာပြောချင်ပါသလဲ "

" အင်း ... နွေးနွေးထွေးထွေး နေပါ ၊၊ မိုးရွာရင် ဖက်ထားပေးမဲ့ ချစ်သူ မရှိတော့ အခုချိန်ကတည်းက အနွေးထည် လှလှကလေးတွေ ဝယ်ဝတ်ဖို့ အကြံပေးချင်ပါတယ် "

ရှောင်းကျန့် စကားကြောင့် MCက ထအော်လေသည်၊၊ ဒါ သူမရဲ့ Fa ဂုဏ်ပုဒ် ကို စော်ကားလိုက်တာပဲ၊၊

" ရှောင်းကျန့် က အရမ်း ရက်စက်တာပဲ ၊၊ ဘဲမရှိတဲ့ ကျွန်မ တို့ တသိုက်ကို လှောင်လိုက်တာပဲ "

" ငါ တကယ် မရည်ရွယ်ပါဘူး "

ရှောင်းကျန့်က တဟားဟား ရယ်လေသည်၊၊MC မရဲ့ ရှစ်ခေါက်ချိုး မျက်နှာကို မသိချင်ယောင်ဆောင်းရင်း ပေါ့ ၊၊

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now