COY - 30

3.7K 293 14
                                    

♡︎Unicode♡︎

" နေရာလေးက အေးချမ်းနေတာပဲ "

တီရှပ်အဖြူကလေးနှင့် JJဘောင်းဘီ ခြင်္သေ့ရုပ်ပါသည့် အပွကလေးကို ဝတ်ထားသည့် ရိပေါ်က ခေါင်မိုးထပ်ကနေ အောက်ကို ငေးမောကြည့်ရင်း တက်ကြွစွာ ရေရွတ်သည်။

တောင်ပေါ်က စိုက်ပျိုးထားသည့် သီးစားပင်ကလေးများကို လှမ်းမြင်ရသည့် နေရာကလေးမို့ ရိပေါ်သည် ဖုန်တလိမ်းလိမ်း ထနေသည့် မြေနီလမ်းတွေကိုပါ လှမ်းငေး၏။

" ချစ်သည်း အတွက် နွားနို့ယူလာတယ် "

နောက်ပါးက မောင်အသံကြောင့် ပြုံးပြုံးကလေး လှည့်ကြည့်ရင်းကနေ ဘေးနားက သစ်သားခုံကလေးတွင် ဝင်ထိုင်သည်။ သစ်သားခုံလေး၏ ဘေးတွင်လည်း ပန်းပင်လှလှလေးများကို စိုက်ထားသေးသည်။ ပန်းရနံ့ကလေးကြောင့် နေရတာ သက်သောင့်သက်သာ ရှိသည်။

" နွားနို့က တော်တော်မွှေးတာပဲ "

" ဟုတ်တယ် ချစ်သည်းလေး... ဒီနွားနို့က ခြံထွက်နွားဆီက ညှစ်လာပြီး မောင်ကိုယ်တိုင် ချက်ထားတာ... အရသာ ဘယ်လိုနေလဲ "

" မောင်က သိပ်တော်တာပဲ။ အရမ်း သောက်ကောင်းတယ် "

ရှောင်းကျန့် က ရှက်ပြုံးကလေးနှင့်ပင် ဝဝပြည့်ပြည့်  ချစ်သည်း ပါးဖောင်းကလေးကို ဆွဲလိုက်သေးသည်။

" မောင် ... ခြံထဲ လိုက်ပို့မယ်ဆို "

ဒီမလာခင်ကတည်းက မောင်က ခြံအကြောင်း တဖွဖွ ပြောနေတတ်တာမို့ ရိပေါ်လည်း စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။

" လိုက်ပို့မှာပေါ့... အရင်ဆုံး ချစ်သည်း အတွက် မောင် အချစ်တွေ အပြည့်နဲ့ ချက်ထားတဲ့ Kimbap နဲ့ ဝက်သားနှပ်ကြော် အရင်စားကြမလား "

မေးလေးဆတ်ပြီး မောင့်က မျက်ခုံးလေးပင့်ကာ မေးမြန်းသည်။

" အရင်စားပြီးမှ ခြံထဲ သွားကြတာပေါ့ "

" ချစ်သည်း လေး အလိုကျပါ ခင်ဗျာ "

ဝမ်ရိပေါ် က ပခုံးလေးတွေ လှုပ်ခါသွားအောင်ထိ ရယ်သံကလေး ထွက်လာတော့သည်။ လတ်ဆတ်သော လေအဝှေ့တွင်  ချစ်သည်း အပြုံးလေးများက သံစဥ်တွေထက် ပိုလှနေလေရဲ့။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now