COY - 14

5.1K 474 40
                                    

♡︎ Unicode ♡︎

ရိုးရှင်းပြီး ထောင့်ကျတဲ့ ကော်ဖီဆိုင်လေးအတွင်းမှာ သာယာ ပျော့ပျောင်းသော တေးဂီတသံကလေးက လွင့်ပျံ့ ကြည်နူးဖွယ်ရာ ထွက်ပေါ်လာပါတယ်၊၊

ခပ်ဖျော့ဖျော့ မျက်ဝန်းလေးများက ဟိုရွေ့ဒီရွေ့ လှုပ်ရှားကာ မျက်တောင်လေး တဖျတ်ဖျတ် ခတ်ပါတယ်၊၊

သူမ လက်ထဲကလည်း Bubble Tea လေးက လှုပ်လီလှုပ်ပဲ့ ဘောင်ဘင်ခတ်နေပြန်သည်၊၊

" Emily နဲ့ မိတ်ဆက်ပေးစရာ လူရှိတယ် ၊၊ "

" ဘယ်သူများလဲ... မဟုတ်မှ Alex ကောင်မလေး လား "

Emily အမေးကို သူက သဘောကျဟန် အသာပြုံးပါတယ်၊၊

" ငါ့မှာ ကောင်မလေး မရှိရပါဘူး... ညီမအရင်း ပဲ ရှိတယ် "

" သြော် ... အွန်း "

Emily က ဖျတ်ခနဲ Alex မျက်နှာကို စေ့စေ့ကြည့် မိသွားသည်၊၊ ဘာအပြစ်အနာအဆာမှ မရှိသော မျက်နှာလေးက ချောမွေ့ပြေပြစ်နေပြီး နိုင်ငံခြားသား ပီပီ ချောမော လွန်းပါတယ်၊၊ ဆွဲဆောင်မှု ရှိတဲ့ အသွင်အပြင် နှင့် Alex ပြုံးရင် အရမ်း ချောပါသည်၊၊

Alexက အရမ်း ခင်ဖို့ ကောင်းပါသည်၊၊ အမှတ်မထင် ဆုံရာကနေ သူ့အတွက် ကြီးမားသော သူငယ်ချင်း လက်ဆောင်လေးလည်း ရခဲ့ပါသေးသည်၊၊ကပြားလေး ပီပီ Alexက နှစ်လိုဖွယ်ကောင်းသော အပြုံးလှလှလေးကို ပိုင်ဆိုင်ထားပါတယ်၊၊

" Emily, ငါ့မျက်နှာ ဘာတွေ ပေလို့ အရူးအမူး ကြည့်နေရတာတုန်း

ရွှတ်နောက်နောက် Alex စကားသံကြောင့် Emily လှစ်ခနဲ ပြုံးမိသည်၊၊

" နင့်လို အဆင်လေးက ရည်းစား မရှိဘူးဆိုတော့ အံ့သြလွန်းလို့ပါ "

" ရုပ်ချောတိုင်း ရည်းစား ရှိရမယ်လို့ ဘယ်ဥပဒေမှ ထုတ်ပြန် မထားပါဘူး အမိရဲ့... တစ်ယောက်တည်း နေရတာ ငါပျော်ပါတယ်၊၊ အပူမရှာချင်ပါဘူး "

" အမလေး စကားကြီးစကားကျယ် ပြောပြန်ပြီ ၊၊ မသိရင် ငါကပဲ အပူရှာနေတဲ့ စောက်ကောင်မကြီး ဖြစ်နေသလိုပဲ "

Alexက လေးလေးပင်ပင် ရယ်သည်၊၊ ရည်းစား မထားချင်တာလည်း မပြောနှင့် သူကိုယ်တိုင်ကပါ ချော့မော့ ရတာ အင်မတန် စိတ်ကုန်ပါသည်၊၊ အချစ်ဆိုသော အရာများကို Alex ခေါင်းထဲ မထည့်နိုင်သေးပါ၊၊

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now