COY - 23

3.7K 363 32
                                    

[ Unicode ]

နာကျင်နေတာ သိရဲ့သားနဲ့ မမျှော်ပါဘူးဆိုတဲ့ ခွင့်လွှတ်စိတ်နဲ့ အနားမှာရှိနေချင်ပေမဲ့လည်း အဆုံးသတ်ချင်ပြီ။ ဘယ်လောက်များ ပေးဆပ်ရမှ အချစ်ကို ပြန်ရမလဲ။
သူလိမ်နေတာ သိရဲ့သားနဲ့ ဆက်ပြီး မျက်ကန်းအဖြစ် မင်းနေဖို့ ဆက်ကြိုးစားနေဦးမှာလား။ တစ်ခါလောက်ပဲဖြစ်ဖြစ် မင်း လက်လွှတ်လိုက်စမ်းပါ။ မင်း လွတ်လပ်စွာ ပျံသန်းကြည့်လိုက်စမ်းပါ ဝမ်ရိပေါ် ...၊၊

ရှိနေပေးခဲ့ပါတယ်။ သူအနားမှာ အချိန်အကြာကြီး ရှိနေပေးခဲ့ပါတယ် ။ ကျွန်တော် သူကိုမှ ချစ်မိနေတာ မှားသလား။ သူလိမ်နေတာ သိရဲ့သားနဲ့လေ ... ။

ကျွန်တော်ကို ရွေးချယ်ဖို့ အဲ့လောက်တောင် တွန့်ဆုတ်နေတာလား။ အောင်မြင်မှု ပကာသန တွေဟာ လူသားတွေရဲ့ ရူးမိုက်မှု တပ်မက်မှု ရာဂ တစ်ခုပဲ။
ဒီလမ်းကြောင်းပေါ် လိုက်နေရင်းနဲ့ အချစ်ကို မျက်ကွယ်ပြုဖို့လည်း သတ္တိ ရှိနေခဲ့ကြတာမလား။

" ရိပေါ် ... မင်း ဗီဇ လျှောက်ထားတယ်ဆို "

" ဟုတ်တယ်... ငါ တခြားမှာ လူသစ်အနေနဲ့ သွားနေကြည့်ချင်လို့ "

" ရှောင်းကျန့်ကြောင့်လား "

ဟောက်ရွှမ်း အမေးကို သူက အသက်မပါစွာ ပြုံးရင်း တုံ့ပြန်လိုက်ပါတယ်။

" ငါက သူအတွက် စျေးပေါလွန်းအား ကြီးသွားတယ်မလား ၊၊ ငါကိုယ်တိုင်လည်း ကိုယ့် နှလုံးသားကို အနာကျင်ခံပြီး ဆက် ဟန်မဆောင်ချင်တော့ဘူး "

" . . . "

" သူ လှည့်စားခဲ့တယ် ။ ငါ့ကို ချစ်ဟန်ဆောင်ပြီး ငါ့အနားမှာ နေခဲ့ပြီးမှ တခြား မိန်းကလေး တစ်ယောက် လက်ကို ပျော်ပျော်ကြီး ဆွဲပြတယ်။ သူညာနေတာကို ငါ နှလုံးသားက သိနေရက်သားနဲ့ အနာကျင်ခံခဲ့တာလေ။ အခုတော့ ... ငါ ဆက် မလုပ် နိုင်တော့ဘူး "

ရိပေါ် ဘီယာဗူးကို မော့သောက်လိုက်ပြီး သူမျက်ဝန်းတွေ နီရဲနေလေသည်။ အံ့ကိုတင်းတင်းကြိတ်ထားကာ သူမျက်နှာက ခက်ထန်မှု ဝမ်းနည်းကြေကွဲမှုများက ဖုံးဖိ မရနိုင်စွာ ထင်ရှားနေသည်။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now