COY - 28

3.6K 335 15
                                    

♡︎Unicode♡︎

ဆေးရုံဆင်းရသည့် နေ့ကလေးက ဝမ်ရိပေါ် အတွက် အပျော်ရွှင်ဆုံး ဖြစ်ပါလိမ့်မည်။ နေမထိလေမထိ နှစ်လကျော်ကျော်လောက် ဆေးရုံမှာ လှဲလှောင်းနေခဲ့ရတာမို့ ရုတ်တရက်  နေရောင်နှင့် ထိတွေ့ရတော့ ရှိန်းတိန်တိန် ဖြစ်သွားရရှာလေသည်။သို့သော်လည်း သူနေရောင်ကို နှစ်သက်၏။ နွေးထွေးသော နေရောင်ရဲ့ သဘာဝကို ခံစားသိရှိနိုင်တယ်။ သူ သက်ဝင်စွာ ပြုံးလိုက်မိ၏။

ပြာလဲ့လဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့ ချစ်သည်း မျက်နှာလေးကို နေရောင်ထိုးကျနေတာ မြင်တော့ ရှောင်းကျန့် က လှစ်ခနဲ ပြေးသွားပြီး လက်ကလေး နှစ်ဖက်ကို ချစ်သည်း နေမထိုးစေရန် ကာပေးလိုက်သည်။  သူနဲ့ယှဥ်ရင် သေးသွားသည့် ကိုယ်ကလေးကိုလည်း အသဲတယားယား ဖြစ်ရပါတယ်။

" မောင် ... "

သူကို မြင်တော့ ချစ်သည်း က နှစ်လိုဖွယ်ကောင်းအောင် ရယ်ပြသည်။

" နေတအားပူတယ်... အရိပ်ထဲ သွားစို့လေ "

ရှောင်းကျန့် စိုးရိမ်တကြီး ပြောလိုက်၏။ ချစ်သည်း နဖူးက ချွေးစအနည်းငယ်ကို လက်ကိုင်ပုဝါကလေးနှင့် ညင်သာစွာ သုတ်ပေးရင်း ချစ်မြတ်နိုးခြင်းအပြည့်နှင့် ငုံ့မိုးကာ မေးမြန်းသည်။ချစ်သည်း က ဆေးရုံလမ်းအပြန်တွင် ပန်းခြံတစ်နေရာထဲကို ဝင်ချင်သောကြောင့် ပန်းခြံက ခုံတန်းတွင် ရှောင်းကျန့် က ချစ်သည်း လေး အလိုကျ လွှတ်ထားရတာ သူကလေးကို နေထိုးတာကိုတော့ သဘောမတွေ့ပါလေ။

" မောင်ကလည်း ချစ်သည်း က နေရောင်နဲ့ ထိတွေ့ချင်သေးတယ်လို့ ... "

" ခွင့်မပြုပါဘူး။ တော်ကြာ ချစ်သည်းရဲ့ ဖြူအုအု အသားအရေ လေးက နေပူလောင်သွားရင် မောင် ရင်ကျိုးရလိမ့်မယ် "

ရှောင်းကျန့် က မချင့်မရဲလေသံနှင့် မအီမသာ မျက်နှာလေး လုပ်ပြီး ဝမ်ရိပေါ် လေးကို နားချပါသည်။ ဝမ်ရိပေါ် လည်း သူလက်ကို ဘယ်ညာ ပြန်ကြည့်ရင်း မျက်နှာလေးကို အုပ်ကိုင်လိုက်သေး၏။

" ချစ်သည်း ရုပ်မဆိုးချင်ဘူး။ ရုပ်ဆိုးသွားရင် မောင်က ပစ်သွားမှာပေါ့။ ချစ်သည်း အသားမမဲအောင် မောင်က လုပ်ပေးနော် "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now