COY - 33

2.9K 249 17
                                    

♡︎Unicode♡︎

တောင်ကုန်းမြင့်မြင့်လေးကနေ ကားကလေးက လျောဆင်းလာတိုင်း ဝမ်ရိပေါ် တို့က အဖိုးဖွင့်ကားမှာ မတ်တပ်ကလေးရပ်လို့ တဝိုးဝိုး နှင့် အသံပြုကာ ပျော်ရွှင်နေလေသည်။ ဆောင်းလေအေးအေးကလည်း မြူခိုးမြူဆိုင်းများကြားကနေ တိုးဝှေ့လို့ တိုက်ခိုက်ပါတယ်။

❝ ချစ်သည်း အအေးပက်မယ်...ကားထဲဝင်တော့... နှင်းကျတော့မယ် ❞

❝ မောင်ကို ဘယ်သူက ပြောလဲ ❞

ရိပေါ် နှာတံလေးက အေးစက်ပြီး စတော်ဘယ်ရီ လေးအလား နီရဲနေသည်။ ကားအတွင်းခန်းထဲ ဝုန်းခနဲ ထိုင်ချပြီး သွက်လက်စွာ မေးမြန်းလာပါသည်။ ရှောင်းကျန့် လက်တစ်ဖက်နှင့် စတီယာရင်ကို ထိန်းကိုင်ပြီး ကျန်တစ်ဖက်နှင့်ပင် ခလုတ်နှိပ်ကာ ကားအမိုးကို ပိတ်လိုက်ပြီး ကားအပူပေးစက်ကို အရှိန်တင်လိုက်တယ်။

❝ မိုးလေဝသ က ကြေညာ သွားတယ်လေ ချစ်သည်း ❞

❝ အလကား ရမ်းသမ်း ခန့်မှန်းကြတာချည်းပဲ... မောင်က အရူးလား... ချစ်သည်း ကတော့ ယုံပေါင်ဘူး ❞

ရှောင်းကျန့် ကတော့ ဟက်ခနဲရယ်ချလိုက်ပါတယ်။ စကားနိုင်လုရင်လည်း မနိုင်တာ သိနေတာမို့ လက်လျော့ကာ စကားမပြိုင်ရဲပါ။

❝ လောင်းကြေး ထပ်ကြမလား ... ❞

❝ စိန်လိုက်လေ မောင် ❞

❝ အဟွန်း... မောင်ကတော့ ဒီနေ့ နှင်းကျမှာပဲ... မောင်က Yes ဆို ချစ်သည်း က No ဟုတ်တယ်ဟုတ် ❞

❝ ကဲပါ... လိုရင်းပြော... လောင်းကြေးက ဘာလဲ မောင် ❞

ရှောင်းကျန့် က နှုတ်ခမ်းလေး ကွေးညွတ် လိုက်ပြီး နှစ်လိုဖွယ် ပြုံးလာပါတယ်။ မျက်ဝန်းတွေက စူးရှနေပြီး ကြယ်ကလေးသဖွယ် တလက်လက် တောက်ပနေသည့် မျက်ဆံကလေးက လှုပ်ရှားနေကာ မောင့် မျက်ဝန်းလှလှလေးကို ဝန်းရံနေတဲ့ မျဥ်းကြောင်းလေးတွေက လှိုင်းတွန့် သဏ္ဌာန် လေး အတိုင်းပါပဲလား။

❝ မောင် နိုင်ရင် ဘာယူရမလဲ မသိသေးဘူး...ချစ်သည်း နိုင်ရင် မောင့်ကို ဘာလုပ်လုပ် ရတယ် ❞

❝ ကောင်းပါပြီ မောင်ရယ်... သဘောရှိပါ ❞

ရိပေါ် တကယ်ပဲ မောင် ဘာပြောပြော တအင်းအင်း နှင့်သာ ထောက်ခံမိတော့သည်။အများအမြင်မှာ သူက တုံးတုံးအအ ဟု ထင်ကောင်းထင်နိုင်ပေမဲ့ ရိပေါ် ဘက်ကတော့ ဂရုမစိုက်ချင်ပါ။ လက်ရှိ အချိန်ကလေးမှာ မောင်နဲ့ နှစ်ကိုယ်တူ အကြင်နာ ကမ္ဘာ ကလေး တည်ဆောက်နေရတာမို့ ရူးမတတ် ပျော်ပါတယ်။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now