COY - 20

4.6K 380 29
                                    

[ Unicode ]

ဝမ်ရိပေါ်ရဲ့ မွေးနေ့လေးက မကြာခင်မှာပဲ ရောက်ရှိလာဖို့ တာဆူလာပါသည်။ ရှောင်းကျန့် နှစ်တိုင်း ရိပေါ်အတွက် မရိုးနိုင်အောင် လက်ဆောင်တွေပေးတယ်။ ရိပေါ်ကလည်း သူဘာပေးပေး မငြင်းဆန်ခဲ့ပါ၊၊ ယခုအခါမှာတော့ အခြေအနေများက ပြောင်းပြန်ဖြစ်နေလေရဲ့။

သူတို့က ငွေကြေးချွေတာသည့်ကို ဗန်းပြကာ နှစ်ဦး အတူတူ တစ်ခန်းတည်း သုံးချင်သည့် ဆန္ဒက များများမို့ Hotel အခန်းကို တစ်ခန်းပဲ ယူသည်။

ယူတဲ့ အခန်းကလည်း ချောင်ကျကာ အသံလုံခန်းဖြစ်ပြီး မြင်ကွင်း ကလည်း အပေါ်စီးမှန်နံရံတွေကနေ ကြည့်လို့ပင်အကောင်းဆုံး ဖြစ်လေသည်။ အကြံအစည် အကြီးကြီးနှင့် ငှားမိလေသလား စဥ်းစားစရာမလိုတော့ပါ။

နှစ်ယောက်သားက အသန့်အပြန့် ကြိုက်သူများ ဖြစ်သည်။

Jewel Showပွဲက ပြန်လာတဲ့ ရိပေါ်က ရှောင်းကျန့်ကို ဘာစကားမှ မဆိုပါချေ။ အဲ့အစား သူ Showပွဲက လက်ဝတ်ရတနာတွေ အကြောင်းကို မြင်သိကြားသိခဲ့ရသမျှ မရိုးနိုင်အောင် ဖောက်သည် ချပါတော့တယ်။

" ခင်ဗျား သိလား "

" ဘာမှမသိဘူး "

ရိပေါ်သည် တင်းသွား၏၊၊ အာပေါင်အာရင်းသန် ရှင်းပြနေတာ သူစိတ်က ဘယ်သဝေထိုးနေလို့ မသိရတာတုန်း။ အဖြေကို မချင့်မရဲနှင့် ဒေါသထွက်မိပြန်သည်။

" Zodiac Sign ဆွဲကြိုးလေးတွေ တွေ့ခဲ့တယ် ။ အရမ်းမိုက်တယ် ကျန့်ကော ... ခင်ဗျား အတွက် ကျွန်တော် Order တင်ခဲ့တယ် ။ Libra Sign ဆွဲကြိုးကလေး ခင်ဗျား ကြိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ မကြာခင် ခင်ဗျား မွေးနေ့ အကြိုအတွက် ကျွန်တော် ပေးတယ်လို့ မှတ်ယူလိုက်ပါ "

ရှောင်းကျန့်က အံ့သြသွားပြီး သူမျက်နှာက အမည်ဖော်ရခက်သော အရိပ်အယောင် များ ထင်းခနဲ ပေါ်လွင်သွား၏။ ရိပေါ် သူကို သတိတရ ရှိပေးတာကို ရင်ထဲမှာ အတိုင်းအဆ မရှိ ကြည်နူးမိပြန်တယ်။

ရှောင်းကျန့်က နွမ်းလျလျ ပြုံးတယ်၊၊ အချစ်ဆိုတာ သူမထင်မှတ်ထားတဲ့ အချိန်မှာ အလုံးအရင်း ဝင်ရောက်လာပါလေသလား  ၊၊ မဟေဠိ ဆန်သော အချစ်အကြောင်းတွေ စဥ်းစားရအောင်လည်း ရှောင်းကျန့် အချိန်က ဘေးကြပ်နံကြပ် မအားမလပ်။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now