COY - 29

3.1K 306 14
                                    

♡︎Unicode♡︎

ရှောင်းကျန့် အလုပ်နှင့် ပက်သက်ပြီး စီစဥ်စရာရှိတာများကို စီစဥ်လိုက်ရသည်။ ရိပေါ် နေပြန်မကောင်းသေးတာမို့ Entertainment နှင့် ပက်သက်သမျှ ဟောက်ရွှမ်း ကို ထပ်ပြီး အပူပေးရပြန်သေးသည်။ ကျိရန်ကလည်း ဟောက်ရွှမ်း အနားနေချင်တာမို့ ရှောင်းကျန့် အားကိုးနှင့် ကူညီပါရစေ ဆိုပြီး ကပ်နေလေတော့၏။

ရှောင်းကျန့် ရဲ့ ကားကလေးသည် ကွန်ကရစ်လမ်းထက်ကနေ အကွေ့အကောက် ကလေးများကို ဖြတ်မောင်းလာခဲ့သည်။ သူသွားနေသည့် နေရာကလေးက မြို့ပြနှင့် အလှမ်းဝေးပြီး အပင်တွေနှင့် နီးစပ်သည့် နေရာကလေး ဖြစ်သည်။ အပန်းဖြေအိမ်ရာ ပါ ဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့။

Charlie Puth  ရဲ့ Cheating On You သီချင်းသံက ကားအတွင်းမှ ရေဒီယိုကလေးကနေ သာယာငြိမ့်ညောင်းစွာ ပေါ်ထွက်လာတော့သည်။

ရိပေါ်လည်း မှေးနေရာကနေ မျက်လုံးလေးလှန်ကာ ထိုသီချင်းကို စူးစိုက် နားထောင်သည်။ ဒီသီချင်းက သံစဥ်တွေက ရိပေါ် ရင်ကို အစိမ်းလိုက် ထိုးခွဲနေသလို တင်းကြပ်သော ခံစားမှု များက ရောထွေးလာလေသည်။ ခေါင်းထဲက တဆစ်ဆစ်နှင့် ထိုးကိုက်နေတော့သည်။

" အ့... ကျစ် !! "

ရိပေါ်ထံမှ အလိုမကျစွာ ကျစ်ခနဲ စုပ်သပ်သံကြောင့် ကားမောင်းနေသည့် ရှောင်းကျန့် ခေါင်းလေးသည် ဘေးသို့ စောင်းခနဲ လှည့်လာလေ၏။

" ချစ်သည်း ... ခေါင်းကိုက်လို့လား "

ရိပေါ်က ပြန်မဖြေဘဲ ခေါင်းကို ချက်ချင်း ညိတ်ပြ၏။ သူ မျက်နှာကလည်း နာကျင်မှု ကို အံတု ထားရတာမို့ ရှုံ့တွနေလေသည်။

ရှောင်းကျန့် လက်တစ်ဖက်နှင့် Dashboard ပေါ်က ဆေးဗူးလေးကို လှမ်းယူကာ ရိပေါ်ထံ ပေးလိုက်၏။ ကားကိုလည်း လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်သည်။ ခါးပတ်ကို ဖြုတ်ကာ ကိုယ်ကို ရိပေါ်ဘက် လှည့်လိုက်ပြီး ဆေးတိုက်လိုက်ပါသည်။

" နေသာရဲ့လား... ဒီနားမှာလည်း ဆေးခန်း ကို မတွေ့သေးလို့ ချစ်သည်း ဟိုရောက်အောင်ထိ တောင့်ခံထားနိုင်မလား "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now