COY - 25

4.3K 365 31
                                    

[ Unicode ]

ရှောင်းကျန့် တစ်ယောက် ရတက်မအေးစွာနှင့် သူကိုယ်သူ အပြစ်တင်နေမိတော့သည်။ ရိပေါ်က သူကို စိတ်ဆိုးပြီး ကားမောင်းထွက်သွားတယ်။ သူသိတယ်။ ရိပေါ် ဘယ်လောက်ပဲ အပြင်ပိုင်းက မာကြောပြီး သန်မာပြနေပါစေ သူ စိတ်ထားလေးက ထိကရုန်းပင် ကလေးလို ထိရှလွယ်တယ်။ ရှောင်းကျန့် ကားမောင်းနေရင်း စိတ်ထဲတွင် ကမောက်ကမ နှင့် မျက်ရည်ကျနေမိတော့သည်။ သူထပ်ပြီး ရိပေါ်ကို ဒဏ်ရာတွေ ပေးမိပြန်သေးသည်။

ရိပေါ် သူကိုကြည့်တဲ့ အကြည့်တွေမှာ မြတ်နိုးခြင်းအပြည့် ပါတာ သူရိပ်မိတယ်။သို့ပေမဲ့ သူသတ္တိမရှိခဲ့ပါ။ လိင်တူချင်း ချစ်ကြိုက်တာ လက်မခံနိုင်သေးဘူး။ သူက အဲ့ချန်တုန်းက ကြမ်းတမ်းတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်နေခဲ့တာ။ ဘယ်လိုစိတ်နဲ့များ ရိပေါ်ကို တွဲနိုင်မှာလဲ။ သူ...ရိပေါ်ကို သံယောဇဉ် အပြည့် ရှိတယ်။ပထမဆုံး Sexဖြစ်တုန်းကလည်း ရှောင်းကျန့် အရူးအမူး စိတ်လှုပ်ရှားခဲ့တယ်။ ရိပေါ်ကလည်း မငြင်းဘဲ နာခံသည်။သူ အချစ်တွေကို သူ မျက်ကွယ်ပြု ခဲ့မိတာ များလေသည်။ ဤအပြစ်တွေ ဆပ်ဖို့ ရိပေါ် အနားမှာ နေရမယ်။

ရှောင်းကျန့် Dashboard ပေါ်က HandPhone မြည်သံကြောင့် သွေးကြောတွေ ဆောင့်ခုန်မိအောင်ထိ တုန်လှုပ်သွားရသည်။ ဖုန်းကို earphone နှင့် ချိတ်ပြီး ကိုင်လိုက်သည်။ ကြားလိုက်ရသည့် သတင်းကြောင့် သူ ကိုယ်ကြီး ဟိုချောက်နက်နက်ထဲ ပြုတ်ကျသွားသလို ခံစားချက်က ဗလာနတ္ထိ ဖြစ်သွားရလေသည်။

ကားကို လမ်းဘေးတစ်နေရာဆီ ထိုးရပ်ရင်း သည်းထန်စွာ အူလှိုက်သည်းလှိုက် ငိုကြွေးမိတော့သည်။ သူ ထပ်ပြီး အမှားလုပ်မိပြန်ပြီ။ မပွင့်မလင်း စိတ်နှစ်ခွ ဖြစ်နေတဲ့သူက ကျိန်းသေပေါက် ဆုံးဖြတ်ချက် ပြတ်သားခဲ့ချိန်တောင်မှ ကံတရားက မျက်နှာသာမပေးပါချေ။

ဦးနှောက်သွေးကြောတွေ ယိုစိမ့်လာရသည့်အထိ နာကျင်မှုက ဖြေဆေးမရှိတဲ့ အဆိပ်ငွေ့ ကို ရှူရှိုက်နေရသည်နှယ် သူ အရမ်း ပျော့ညံ့မိလာတော့သည်။သူ ငိုနေလို့ မဖြစ်ဘူး။ ရိပေါ်ဆီကို သွားရမယ်။ ကိုယ် တကယ် တောင်းပန်ပါတယ်ကွာ။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now