COY - 36

2.8K 215 20
                                    

♡︎Unicode♡︎

ရိပေါ်က သိပ်သိုဝှက်တယ်။ သူစိတ်ထဲရှိတာကို ထုတ်မပြတတ်ပေမဲ့ အပြုအမူ တစ်ခုချင်းစီတိုင်း သူမနှစ်သက်တဲ့အရာဆို မျက်နှာလေး မဲ့သွားတာကအစ ကလေးလေးတစ်ယောက်အတိုင်းပဲ။ မျက်နှာထားက ခပ်မာမာကလေးနှင့် မလှမ်းမကမ်း က နှင်းဆီရဲရဲ ပွင့်နေသည့် နေရာလေးမှာ ရပ်နေသည်။ရိပေါ် စိတ်တွေက အင်မတန် ရှုပ်ထွေးနေသဖြင့် စိတ်က ကြည်လင်မနေပါ။

ဒီနေ့ ခြံထဲက ပစ္စည်း အရောင်းထွက်တာ အမြတ်ကြီးစား ရသဖြင့် မောင်က ခြံအလုပ်သမားများအတွက် စားသောက်ပွဲကို ခြံထဲမှာ လုပ်ပေးနေခြင်းဖြစ်သည်။

တကယ်တော့ ဘူဖေးလို အစားအသောက်အကောင်းစားများကို ကြိုက်ရာယူစားလို့ရအောင် စားပွဲအကြီးကြီးမှာ တင်ပေးထားပြီး Korea Style အကင်အမျိုးအစားများကိုလည်း ကင်လျက် ပျော်ရွှင်စွာ ဝိုင်းဖွဲ့ အော်ဟစ်နေကြတာ။ မောင့်ခြံက အလုပ်သမား က သိပ်အများကြီးမဟုတ်ပါ။ လူနည်းစု လေးနဲ့လည်း ပျော်စရာဆိုတာ ယူတတ်ရင် ကောင်းတယ်။

ရှောင်းကျန့် ရဲ့ သူငယ်ချင်း တစ်သိုက်ကလည်း ထိုအနားတွင် တဝဲလည်လည် နှင့် မိုးတိုးမတ်တတ် ရပ်လို့ အစားအသောက်များကို မြည်းစမ်းနေကြလေ၏။ ရိပေါ် တစ်ယောက်ပဲ ကွက်ပြီး ဘေးထွက်နေခြင်း။ အရင်နေ့ကလည်း သူတို့အဖို့ ကျွေးမွေးထားတာပဲကို ငတ်ကြီးကျနေသေးတယ်။ အစားအသောက် ဆို နှစ်ခါတောင် မခေါ်ရဘူး။

"  ဝမ်ရိပေါ် "

နာမည်အပြည့်အစုံ ခေါ်သံကြောင့် ချာခနဲ ရိပေါ် နောက်ပါးကို လှည့်လိုက်၏။ ခပ်ပြုံးပြုံးကလေး နီညိုရောင် လည်ပိတ်ဆွယ်တာနှင့် စတိုင်ပန့်ဘောင်းဘီအထူကို ဝတ်ထားသည့် ဒေါက်တာကျိုးချန်ကို တွေ့လိုက်ရသည်။

" ဟော!! ဒေါက်တာပါလား... "

" ဟုတ်ပါတယ်ဗျ ! ဝမ်ရိပေါ် ကြည့်ရတာ စိတ်ပင်ပန်းနေပုံပဲ။ နောက်ဆက်တွဲ ဘာဆက်လုပ်ဖို့ တွေးထားသေးလဲ "

မလိမ့်တပတ် မေးလိုက်သည့် ဒေါက်တာ ကျိုးချန်ကို ရိပေါ် မဲ့ခနဲ ပြုံးမိသွားရသည်။လွယ်လွယ်လေးပဲ မေးလိုက်ကြတာပဲ။ ကာယကံရှင် ရဲ့ အတွင်းစိတ်က ယုံကြည်မှု ပျောက်ကွယ်ပြီး လောကကြီးက အမှုန့်အမွှားလေး အဖြစ် ပျောက်ကွယ်သွားချင်နေတာ အရိပ်အကဲ မမြင်တတ်ကြတာလား။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now