COY - 38

3.3K 240 10
                                    

❮Unicode❯

ရေစိုနေသော ဆံပင်များကို Towel နှင့် သုတ်နေချိန် မွေ့ယာပေါ် ပစ်စလက်ခတ် တင်ထားသည့် Hand Phone လေးက တုန်ခါမြည်ဟည်းလာ၏။

Bathroe ဝတ်ထားတဲ့ ရိပေါ် ပုံစံက မြည်နေတဲ့ ဖုန်းကို မိုက်ကြည့်ကြည့်ပြီး ပါးစောင်းထဲ လျှာထိုးလိုက်သည်။ ဘယ် ကျက်သရေတုံးက သူ အနားယူမဲ့ အချိန်အခါ ရောက်မှ ဆက်နေရသလဲ ဟု ဒေါပွလျက် ရှိသည်။

" ဘယ်သူလဲ "

" ရှောင်းကျန့်  "

Unknown No စိမ်းလေးကြောင့် ဇဝေဇဝါ နှင့် ကိုင်လိုက်ပြီး တစ်ဖက်က ခေါ်ဆိုသူ အမည်နာမကို ကြားလိုက်ရတဲ့ အခါ ရိပေါ် မျက်မှောင်ကြုတ် မိသွားတယ်။ ဖုန်းကို End Call လုပ်ဖို့ ပြင်တုန်း တစ်ဖက်က အော်သံစူးစူးကြောင့် လန့်ဖျတ်သွားရ၏။

" မချနဲ့နော်... ပြောစရာ ရှိလို့ "

" ဘာလဲဗျာ... အလုပ်ကို ရှုပ်နေတာပဲ... ပြော ပြော ... "

စိတ်မရှည်သံနှင့် ရိပေါ်သည် ဘုတောတော ပြောလိုက်သည်။တစ်ဖက်က အပြစ်မမြင်ဘဲ လေသံချိုအေးအေးလေးကြောင့် သူ တုန်ယင်မတတ်။

" မင်း ဖုန်းနံပါတ် ဘယ်က ရလဲလို့ မမေးတော့ဘူးလား "

" မဆိုင်တာပဲ။ ခင်ဗျား သိလို့ ဆက်တာပဲမလား။ခင်ဗျား အတွက် လူတစ်ယောက်ကို Stalks ဖို့ ခက်တာမှ မဟုတ်တာ "

တစ်ဖက်က ရယ်သံ ခပ်လွင့်လွင့်ကလေး ထွက်လာ၏။ ထူးမခြားနား ကြိုတင်တွက်ချက်ထားမိတဲ့ အတိုင်းပဲ။

" ကိုယ်တို့ တွေ့ကြရအောင် "

" အဟွန်းဟွန်း... သေချာလား "

" အင်း... အတည် "

" ကောင်းပြီလေ... Gay Bar မှာ ဆုံကြမယ် "

တစ်ဖက်က တိတ်ဆိတ်သွားသည်။ ရိပေါ် နှုတ်ခမ်းထောင့်က လှစ်ခနဲ အပေါ်သို့ ကော့တက်သွား၏။ ရှောင်းကျန့် အကြောင်း သူမသိတာမှ မဟုတ်။ ဒီလူကြီးက ဂုဏ်သိက္ခာ ကို တန်ဖိုးထားပြီး လူတိုင်းနဲ့ လိုက်လျောညီထွေ နေတတ်ပေမဲ့ ငြင်းဆန်ဖို့လည်း သိပ်ခက်ခဲသူ ဖြစ်လေသည်။

ရိပေါ် ဤလို Gay Bar ဘာညာ မသွားပေမဲ့ ရှောင်းကျန့် ကို စိတ်ကို ဆွချင်တာလည်း ပါတာမို့ ပါးစပ်ထဲ ရှိရာ လွှတ်ခနဲ ပြောချလိုက်သည်။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now