COY - 27

4K 346 21
                                    

♡︎Unicode♡︎

ရိပေါ် အခြေအနေက မတည်ငြိမ်သေးပေမဲ့ ရိပေါ်က က ဆေးရုံက ဆင်းချင်ကြောင်းကို ရှောင်းကျန့် သို့ နားပူနားဆာလုပ်တော့သည်။ ပြန်နလန်ထူကာစမို့ ရှောင်းကျန့် ‌ရော လူကြီးများကပါ စိုးရိမ်မကင်းဖြစ်လို့ မဆင်းခိုင်းချင်သေးပါ၊၊

ရိပေါ်သည် အတိတ်မေ့သွားပြီး နောက်ပိုင်း အသစ်တဖန်မွေးဖွားလာသည့် လူငယ်လေးအတိုင်း အူကြောင်ကြောင် လေးနှင့် ချွဲပြီး လူကပ်တတ်လာသည်။အရာအားလုံးကို မေ့မြော့သွားသဖြင့် ရိပေါ်က စာကိုတောင် ဖြောင့်အောင် မဖတ်တတ်တော့ပါ။

" မောင်ရေ "

" ဗျာ... မောင့်ချစ်သည်းကလေး ဘာအလိုရှိပါသလဲ "

စားပွဲပေါ်က ပန်းသီးအစိတ်ကလေးများကို အခွံခွာနေသည့် ရှောင်းကျန့် က မဆိုင်းမတွ ထူးသည်။ နှစ်လိုဖွယ် ပြုံးလိုက်သည့် ဝမ်ရိပေါ် ကလေးက သူရှေ့ကို ဖုန်းထိုးပြသည်။

" ဒီထဲက အလိပ်လေးတွေ စားချင်တယ်... မောင် ချက်ကျွေးမယ်မလား "

Korean Food Blogger ကတင်ထားသည့် အစားအသောက်များကို ညွှန်ပြကာ အောက်နှုတ်ခမ်းလေးကို စူထော်ပြပြီး မျက်ခုံးလေးကျုံ့လျက် အသံတိုးတိုးကလေး ပြောတော့ ရှောင်းကျန့် အသဲမယားဘဲ မနေနိုင်ပါ။

ရိပေါ်ပြသည့် အရာများကို မြင်တော့ ရှောင်းကျန့် သွေးတက်သွားသည်။ ဒီကလေးကတော့ အစပ်တွေ စားလို့ မဖြစ်ပါဘူးဆိုမှပဲ ဆိုးပေလိုက်တာ။

" ချစ်သည်းလေးသာ နေပြန်ကောင်းလာရင် မောင် က ချစ်သည်း စားချင်တာမှန်သမျှ ချက်ကျွေးပါမယ် "

" မောင်ကလည်း ချစ်သည်း သက်သာနေပါပြီဆိုမှ တကတဲ့ မကျွေးချင်လို့များ ဥာဏ်ဆင်နေသလား မသိပါဘူး "

ဘောင်ဆတ်ဆတ် ကလေးနှင့် သူကို ပွစိပွစိပြော နေပုံက လိုချင်တာ မရသည့် ကလေးလေးလို စိတ်ဆိုးစိတ်ကောက် ဖြစ်နေပုံပါပဲ။ရှောင်းကျန့် ဖြည်းညင်း စွာ ရယ်လိုက်ရင်း အဆိုးအပေလေးကို ကြည့်လိုက်၏။

" မောင် မကျွေးချင်လို့ မဟုတ်ရပါဘူး။ ချစ်သည်းလေး ထပ်ပြီး အနာတရ ဖြစ်သွားမှာ ပူပန်လို့ ရင်နာနာနဲ့ ဆိုင်းငံ့ ထားရတာပါ။ ချစ်သည်းလေး မောင့်ကို စိတ်မဆိုးနဲ့နော်... မောင်က ချစ်တယ်လေနော်... "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now