COY - 21

4.2K 376 36
                                    

[[ Unicode ]]

ဝမ်ရိပေါ်  က သူမွေးနေ့ကို ခမ်းခမ်းနားနား မလုပ်ချင်ပါ၊၊ August 5ရက်နေ့မှာ ကမ္ဘာမြေပေါ်သို့ ခရစ်နှစ် 1997 မှာ ခြေချခဲ့သော ဝမ်ရိပေါ် လေးက Leo Fire Sign နှင့် အညီ တောက်ပစွာ အတောင်ဖြန့်ခဲ့ပြီ။

သူရဲ့ အနီးမိတ်ဆွေများကလည်း မွေးနေ့ဆုတောင်း ပေးကြရာ ရိပေါ် အရမ်း ပျော်ပါတယ် ။ ထိုအထဲတွင်မှ မွေးနေ့ရှင် ဝမ်ရိပေါ်ကတော့ အေးအေးဆေးဆေးပင် ထိုင်နေလေသည်။

တစ်ဖက်က XZ Studio တွင်လည်း Boss ဖြစ်သူသည် CEO Wang ၏ မွေးနေ့ အတွက် မတည်မငြိမ်နှင့် Douyin တွင် တစ်မြန်မနှစ်က သူ BD Photo များကို Vd လုပ်ကာ တင်လိုက်သည်။ သို့ပေမဲ့ များမကြာမီ တွင် ဖျက်လိုက်ပါသည်။

Staff ကလည်း ကယောင်ချောက်ချား ဖြစ်နေသော Boss ကိုကြည့်ကာ အိမ်အတင်း နှင်လိုက်သည်။ CEO ကလည်း မွေးနေ့ရှင် ပီပီ Bonus Card ပေးကာ ကြိုက်သလောက် အဖွဲ့သားတွေနဲ့ စားသောက်ဖို့ ရှယ်ပလန် မုန့်ဖိုး စီစဥ်ပေးလေသည်။

" Boss,  CEO မွေးနေ့ မသွားဘူးလား "

" မနက်ဖြန်မှလေ ... အခုက ညကြီးဟာ "

" ဒါပေမဲ့ Boss ကြည့်ရတာ အပူသည်ကြီးလို့ မတည်မငြိမ် ဖြစ်နေတယ်လေ ၊၊ တရုတ်စံတော်ချိန် 12:00 မှာ CEO အတွက် Boss ဆုတောင်း ပေးဖို့ အနားမှာ ရှိဖို့ လိုအပ်တယ်မလား "

Staffက သူတို့အကြောင်း ရိပ်မိသူ ပီပီ ရှောင်းကျန့်ကို အိမ်မပြန် , ပြန်အောင် အတင်း နှင်ပါတယ်။

ရှောင်းကျန့်က အတန်ကြာအောင် ငြိမ်သက်ပြီးရာမှ ထပြောလိုက်သည်။

" မင်းတို့ရော သိပ်မူးရူးမနေနဲ့ ဦး "

" စိတ်ချပါ Boss "

ရှောင်းကျန့်က ကားသော့ကို ဆွဲပြီး Staff တောင် မစောင့်ဘဲ ကိုယ်တိုင် ကားမောင်းထွက်လာခဲ့တယ်။ ခပ်မြူးမြူး သီချင်းတစ်ပုဒ်ကို ဖွင့်ထားလိုက်တယ်။

ထိုစဥ် ဒတ်ဘုတ်စ် ပေါ်က ဖုန်းသံမြည်လာတော့ ဖျတ်ခနဲ Noကို ကြည့်လိုက်ရာ အမ်မလီဆီက ဖြစ်လေသည်။

" ဟဲလို လီလီ "

" ... "

" အင်း ... ကိုယ်လာခဲ့မယ် "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now