COY - 39

3.4K 227 10
                                    

《 Unicode》

Elio ကောင်းမှုကြောင့် ရှောင်းကျန့် က ရိပေါ်နဲ့ အတူတူ Elio သီချင်းဆိုရာ Barကို ရောက်လာမိသည်။ Elio က သူတို့ နှစ်ဦးကြား က အချစ်၊အမုန်း၊သံသယ စသည့် ပဋိပက္ခ အစုံ Elio က သိသည်။ဒီကောင် ဘာအကြံနဲ့လည်း မသိပေမဲ့ ရိပေါ်မှာ မငြင်းဆန်နိုင်ဘဲ ရှောင်းကျန့် ကိုပါ ခေါ်လာခဲ့ရသည်။

" Elio က အဆိုတော်ကောင်းပဲ... သူသာ သရုပ်ဆောင် တစ်ယောက်ဖြစ်ရင် အောင်မြင် ထွန်းပေါက်မှာ သေချာတယ် "

" အဟင်း... ခင်ဗျား က စပွန်ဆာ လုပ်ပေးမလို့လား ... "

" ကိုယ် ရှာထားသမျှ မင်း အတွက်ပဲလေ ...
မင်း သာ ဆန္ဒ ရှိရင် ကိုယ် စည်းစိမ်တွေတောင် ပုံအောရဲပါတယ် အချစ်ရယ်... "

ရှောင်းကျန့် က ရွှန်းရွှန်းဝေ တဲ့ အကြည့်များနှင့် သမင်လည်ပြန်ကြည့် လာတာမို့ ရိပေါ်ခမျာ အိုးတိုးအမ်းတမ်း နှင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေ၏။ ရှောင်းကျန့် မျက်ဝန်းတွေကို ဝမ်ရိပေါ် လွန်မဆန်နိုင်ဘူးဖြစ်နေတယ်။ တောက်!! မကျေမနပ် စိတ်ထဲတွင် တက်ခေါက်လိုက်ရင်း သူကိုယ်သူ အားမလိုအားမရဖြစ်လာ၏။

" အရူး!! "

သူ ခပ်တိုးတိုး ရေရွတ်သံကို ရှောင်းကျန့် က ကြားပေမဲ့ မကြားဟန်ဆောင်လို့ ခပ်သဲ့သဲ့ ရယ်သည်။ ရှန်ပိန်ခွက်ကို တစ်ကျိုက်တည်း ပင့်မော့ သောက်လိုက်သည့် ရှောင်းကျန့် ကို ဝမ်ရိပေါ် က ငေးခနဲ ကြည့်မိသွားရသည်။ မကြည့်ချင်ပါဘူး။ သူက ကြည့်ချင်အောင်လို့ ဘေးက လာထိုင်နေတာကိုး။

" အားလုံးပဲ ဒီညမှာ လူသစ်ဧည့်သည် လေး တစ်ယောက်က သီချင်းတစ်ပုဒ်နဲ့ ကြွရောက်လာတဲ့ လူကြီးမင်းတို့ကို သီဆိုပြပါလိမ့်မယ်... သူက အရမ်းနာမည်ကြီးပြီး အရမ်းလည်း ချောတယ်... World Handsome Hot Search No. 1 မှာ နေရာ ယူထားတဲ့ သူဗျ... "

Elioက ရွှတ်နောက်နောက် နှင့် မိုက်ကြီးကိုင်လျက် စကားပြောတော့ ရိပေါ်သည် အူကြောင်ကြောင်ဖြစ်သွားရလေသည်။ Elio ဘာတွေ မွှေဦးမှာလဲ ။

" သူ့အမည်က Sean , အားလုံးပဲ လက်ခုပ်သံလေးနဲ့ Sean ကို ကြိုဆိုပေးလိုက်ရအောင် "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now