COY - 40 [End]

7.1K 309 14
                                    

Unicode。

အချိန်တို့သည် တဖြည်းဖြည်း တာဝန်အလိုက် တစ်ရာသီပြီးတစ်ရာသီ ကူးပြောင်းလာသည်။ ရင်ထဲက ပွင့်ဖူးနေဆဲ အချစ်ပန်းကလေးကတော့ ယခုထိတိုင် ဖူးကြွကြွကလေး ရင်တွင်းမှာ သစ်ဝင်နေဆဲပင်။

ရှောင်းကျန့် လိမ္မော်ခြံထဲတွင် လိမ္မော်သီး အကိုင်းအခက် အရွက်အဆွေးများကို ကတ်ကြေးနှင့် ညှပ်သည်။ သစ်သီးတွေ စျေးချိုနေတဲ့ အချိန်မှာ ရှောင်းကျန့် က ကိုယ်တိုင် ဦးစီးပါဝင် ဤနေရာတွင် ခြံပိုင်ရှင်လေးအဖြစ် ရပ်တည်လျက်ရှိတယ်။

ဘာရယ်မဟုတ် ...
တစ်ချိန်က သည်းဦးပန်းကလေး ဖြစ်သည့် ဝမ်ရိပေါ် ကလေးနှင့် ရှောင်းကျန့် သည် ဤနေရာ၊ ဤဒေသလေးမှာပဲ ချစ်ခြင်း အငွေ့အသက်တို့ ထုတ်လွှတ်ခဲ့ဖူးသည်။ အောက်မေ့ပြန်တွေးကြည့်ပါက မေ့မရနိုင်အောင် အတိတ်နေ့ရက်များက ဆွဲငင်နေတုန်းပဲ ဖြစ်သည်။

အနုပညာ လုပ်ငန်းနှင့် ဆက်စပ်ရင်တော့ မအပ်စပ်စရာပါပဲလေ။ သို့ပေမဲ့လည်း ဝမ်ရိပေါ် မရှိဘဲ ရှောင်းကျန့် ထိုနေရာမှာ ကြာကြာကြီး မနေချင်ပါ။ ထို့ကြောင့် ဝမ်ရိပေါ် နဲ့ ကြည်နူး ပျော်ရွှင်ခဲ့ဖူးတဲ့ အချစ်နယ်မြေလေးမှာပဲ အလွမ်းဓာတ်ဖွဲ့ရင်း နေထိုင်မိသည်။

" ဆရာရေ ... ဒီမှာ အမှာစာရင်းတွေ အများကြီးပဲ တက်လာတယ် "

ယွီပင်းက ပြောပြောဆိုဆို ပြေးလာသည်။ ရှောင်းကျန့် အနား ရောက်သည်နှင့် ရှောင်းကျန့် က ကတ်ကြေးကို အောက်ချပြီး စာရင်းစာအုပ်ကို ကြည့်ရှုသည်။

" ရောင်းအားတက်လာတာပဲ ... ဝယ်သူတွေဆီ အချိန်မှီရောက်အောင်လို့ မင်းကိုယ်တိုင် တာဝန်ခံလုပ်ပြီး သွားပို့လိုက်... ဂိုထောင်ထဲက အမှာစာအတွက် ဘယ်လောက်ကျန်သေးလဲ "

" ဖာနဲ့ဆို ဖာ၁၅၀ပဲ ရှိမယ် ... အခုဟာက အဖာ (၄၀၀) မှာတာဆိုတော့ ဆက်ပြီး ခူးရဦးမယ် ထင်တယ် "

" အေး... မင်းရပ်မနေဘဲ အလုပ်စလုပ်တော့လေ "

" ဟုတ်ကဲ့ ... အဟဲ ... "

ယွီပင်းက ပြုံးစိစိ နှင့် မျက်နှာပိုးမသတ်ဘဲ ရှောင်းကျန့် ကို စူးစိုက် ကြည့်နေတာမို့ ရှောင်းကျန့် အိုးတိုးအမ်းတမ်း ဖြစ်သွားရလေသည်။

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now