COY - 31

3K 295 28
                                    

♡︎Unicode♡︎

ခြံလည်းမသွားရ၊ အပြင်လည်း မထွက်ရနှင့် ဝမ်ရိပေါ် သည် အိမ်ထဲတွင်သာ အသည်းကျော်ကလေး ချိုကို နှင့် ကျင်းကော် နှင့်သာ အဖော်ပြု ကစား နေရလေသည်။ မဆိုးပါဘူးလေ။ ဘာအလုပ်မှ မလုပ်ရဘဲ နေရတဲ့ ဘဝက နည်းတဲ့ ကုသိုလ် မဟုတ်ဘူး။ သို့ပေမဲ့လည်း လှုပ်လှုပ်ရှားရှား မရှိပါက လေဖြတ်သွားမှ ဒုက္ခပဲ။

စိတ်လေးလံစွာ ပင့်သက်ရှိုက်လို့ ကြောင်နှင့်ခွေးကလေးကို ဘေးချကာ ထလာပြီး မီးဖိုချောင်ထဲတွင် အလုပ်များနေသည့် ရှောင်းကျန့် အနားကို သူသွားလိုက်ပါ၏။

မုန်ညှင်း အရွက်တွေကြား ဆားထည့်နေသည့် မောင်ကြောင့် သူ အူကြောင်ကြားကလေးနှင့် မောင်လုပ်သမျှကိုသာ ကြည့်နေမိတော့သည်။ စတီးဇလုံအကြီးကြီးထဲတွင်  ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်း များကို ကြေညက်အောင် ကြိတ်ထားသည်။

ငရုတ်သီးအရောင်တင်မုန့်နှင့် တခြား အစာပလာ များကလည်း မီးဖိုချောင် သုံး စားပွဲတွင် အစီအရီနှင့်  ၊ ကြက်သွန်မြိတ် ၊ မုန်လာဥနီ ၊ မုန်လာဥဖြူ ကိုလည်း အရှည်လိုက် လှီးထားပြီး ဂတ်စ်ဖိုတွင်လည်း ရေနွေးအိုး တင်ထားသေးသည်။

သူ ဖျတ်ခနဲ မောင်အနား ထိုင်ချပြီး " ဘာကူညီပေးရဦးမလဲ " ဆိုပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ မောင့်အနား ကပ်နေမိသည်။မောင်က လှစ်ခနဲ ပြုံးလို့သာ နဖူးက ချွေးများကို လက်သလုံးသားနှင့် သုတ်သည်။ လက်ချောင်းတွေက လက်အိတ်စွပ်ထားတာမို့ မောင် က သူအတွက် ဦးစားပေး သိတတ်စွာ ခပ်ပြုံးပြုံးကလေး စိုက်ကြည့်၏။

‟ မောင် ဘာသာပဲ လုပ်မှာမို့ ချစ်သည်း က TVသာ သွားကြည့်နေနော်”

‟ မောင် ပင်ပန်းမှာ မကြည့်ရက်ပါဘူး ”

တစ်ဖန် သူ ထပ်ပြီး ပြုံးမိပြန်သည်။ ချစ်သည်း က လိုတာထက်ပို ချစ်ဖို့ကောင်းအောင် ချွဲတတ်လာသေးတယ်။ သူတကယ်ပဲ ချစ်သည်း မှတ်ဥာဏ်တွေ ပြန်မရလာရင် ကောင်းမှာပဲ ဟူ၍ တဖက်သတ်ဆန်ဆန် တွေးမိပြန်သေး၏။

" ချစ်သည်း ပင်ပန်းမှာမျိုး မောင်လည်း မကြည့်ရက်တာမို့ မောင်ကို ချစ်ရင် မောင့်စကား နားထောင်နော်... မောင် ချစ်သည်း ကို ဒီခေါ်လာတာ ခိုင်းစားဖို့မှ မဟုတ်တာ "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now