COY - 34

2.9K 220 14
                                    

♡︎Unicode♡︎

《Please,  Do not read under the age of 18 because it is in bed scenes. Do not read by those who do not like cosplay. If you read it, you are patient. 》

ရိပေါ် တကယ်ပဲ ချုံးပွဲချငိုချင်ပါတယ်။ သူက ယောကျ်ားလေး တစ်ယောက်လေ။ ဖြစ်နိုင်တာကို မောင်က တောင်းဆိုမှပေါ့။ယခုဟာက နည်းနည်း ကသိကအောက်ဖြစ်စရာကြီးလေ။ ရိပေါ် ဒါကြီးတော့ မလုပ်နိုင်ပါဘူး။မောင်က ရူးကြောင်ကြောင် လုပ်ရပ်တွေ လာခိုင်းနေတာပဲ။

ရိပေါ် တစ်ယောက် အတွေး ကမ္ဘာစစ် ဖြစ်နေပေမဲ့ တစ်ဖက်က ဆိုဖာဆတ်တီတွင် ငုတ်တုတ် ကြီး ထိုင်ပြီး ပြုံးစိစိ ဖြစ်နေတဲ့ ရှောင်းကျန့် ကလည်း မြူးထူးစွာပင်။

ရှောင်းကျန့် စောနကလေးတင်ပဲ Role Play ဖို့ ဝတ်စုံမှာလိုက်တာ။ Costume ‌နဲ့ ရိပေါ် ရဲ့ ကပိုကရို ဝတ်ဆင်ထားပုံလေးကို မျက်လုံးထဲမှာ စိတ်ကူးကြည့်ရုံနဲ့ သူ့မှိုကလေးက နိုးထဖို့ Ready ဖြစ်နေပြီ။

ချစ်သည်း ကတော့ သူတောင်းဆိုတာကို မျက်နှာရဲရဲနှင့် ငြင်းပါတယ်။ အင်းလေ ... နဂို ရိပေါ် စိတ်နဲ့သာဆို ရှောင်းကျန့် အရိုးရော၊ အသားပါ ကြေပြီထင်ပါတယ်။

တရားမျှတမှု အနေနဲ့ ကြည့်ရင် သူနိုင်တာပဲမို့ ရှောင်းကျန့် တို့က မလျော့သော သတ္တိ နဲ့ ချစ်သည်း ကို Play ခိုင်းရပါဦးမယ်။ ချစ်သည်း က ဤလို ပုံစံကလေးနဲ့ဆို အင်မတန် လှနေမှာ အသေအချာပဲ။

ယခုထိ အခန်းထဲက ထွက်မလာသေးတဲ့ ချစ်သည်း ကို ရှောင်းကျန့် က တံခါးခေါက်ကာ ခေါ်ပါတယ်။

" ချစ်သည်း ... မောင် တောင်းဆိုတာ လိုက်လျောမယ်မလား "

ရိပေါ်က ပြန်မဖြေ။ ရှောင်းကျန့် လည်း ရိပေါ် မငြင်းနိုင်တာ သိတာမို့လို့ စိတ်ထဲမှာ ပီတိ အပြုံးလေးနှင့် တံခါးလော့ကို ကိုယ်ဘာသာပဲ ဖြေကာ ဝင်လာလိုက်ပါတယ်။

တံခါး ဖွင့်ဖွင့်ချင်း သူ ချက်ချင်း ဝမ်ရိပေါ် လေးအနား တိုးကပ်ထိုင်လိုက်ပါတယ်။ ရိပေါ်က သူကို မျက်နှာလွှဲထားတုန်းပဲ။ ရှက်နေတာလေးကိုက ကိုက်စားချင်စရာလေး။

" မောင့်ကို စိတ်ကောက်နေတာလား "

" အခုပြောနေတာ ဘယ်သူပါလဲ "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now