COY - 13

6.4K 542 41
                                    

♡︎ Unicode ♡︎


ရိပေါ်သည် မှိုင်းညိုညို နှင့် ပြိုတော့မယောင် ရွာကျလာတော့မဲ့ မိုးသား ကောင်းကင်ကြီးအောက်တွင် သူ့ကွန်ဒိုရဲ့ အောက်ဘက်က ကွန်ကရစ်လမ်းမပေါ်တွင် ကလေး တသိုက်နဲ့ မိုးတဖွဲ့ဖွဲ့ အောက်တွင် ဆော့ကစားနေလေသည်။ သူ့ပုံစံက မကြီးမငယ် နှင့် ကလေး ပုစိများကြားတွင် အရပ်ရှည်ရှည်နှင့် ကလန့်ကလား ငေါ်ထွက်နေလေသည်။

" ကိုကြီး ဝမ် ! မတရားဘူး "

တစ်ဖက်က ကလေး တစ်သိုက်ရဲ့ စွာစိလန် ဂိုးဖမ်းသမားက လှမ်းပြီး အော်သည်။ ရိပေါ်လည်း ဘောလုံးကို ပိုက်လျက် ခပ်ထေ့ထေ့ ရပ်ကြည့်နေသည်။

တစ်ယောက် တစ်ဖက်စီ ဂိုးဖမ်းသမားအသီးသီးနှင့် အသင်းကိုယ်စီ ဆော့ကြရာမှ ရိပေါ်က အင်အားမမျှ တဲ့ လူသုံးယောက်ထံတွင် အကြီး အနေနဲ့ ပါဝင်ရသည်။ တစ်ဖက် အသင်းကတော့ လူငါးယောက်ဖြစ်ပြီး ရိပေါ်တို့ကို လာ အကြောတင်းပြနေတာ ဘာအထာလဲဟ ။

" ဟေ့ကောင် ! ငါ ဘာလုပ်လို့လဲ "

ရိပေါ် ရဲ့ သြရှရှ လေသံက မိုးသံတွေကြားမှာ ပြတ်သားစွာ ထွက်လာသည်၊၊

" ကိုကြီးဝမ်က ခြေတံရှည်ကြီးနဲ့လေ။ ဂိုးသွင်းတိုင်း နိုင်နေတာ ဒါ မမျှတဘူး "

" လူပါးမဝနဲ့ ဟေ့ကောင်လေး ! မင်းအသင်းမှာ ခြေလေးချောင်း ၊ လက်လေးချောင်း အပိုထည့်ထားတာကို မတရားဘူးဆိုတော့ ရန်ဖြစ်ချင်တာလား ဟျောင့် !! "

ရိပေါ်က နှုတ်သီးကောင်း လျှာသွက် စွာ မခံမရပ်နိုင် ပြောလေသည်၊၊

" အပို ရှစ်ချောင်းတွေက အလကားပဲ ! တစ်ဂိုးမှ မဝင်သေးဘူး ၊၊ ကိုကြီးဝမ် လို ဖိုက်တာကြီးက ဝင်ဆော့တော့ ကိုကြီးဝမ် ပဲ နိုင်နေတာ ဘယ်မလဲ တရားမျှတမှု "

ထိုစောက်ကလေး စကားကြောင့် ဝမ်ရိပေါ် က တဟားဟား အော်ရယ်လေသည်၊၊ ရိပေါ် ရယ်တော့ ရိပေါ် အသင်းက ကလေး နှစ်ယောက်ကလည်း လိုက်ရယ်ကြပြန်သည်၊၊

" ဒီမယ် လောရှည်လေး! ဝမ်ရိပေါ်က Leo (လီယို) ရာသီဖွားကွ ! လာရွဲ့ရင် ဆယ်ဆ ပြန်ချေပတတ်တယ်၊၊ ဇရှိရင် ငါနဲ့ လာချ "

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now