COY - 7

6K 563 26
                                    

Unicode

ဘာလိုလိုနဲ့ ဝမ်ရိပေါ် က ရှောင်းကျန့် ရဲ့ ဆေးအစွမ်းကြောင့် သမာဓိအားတွေ (-) sign ပြသည့်အပြင် သန်မာထွားကြိုင်နေသော မျိုးပွား အင်္ဂါ ဟာလည်း မီးကုန်ကမ်းကုန် အားမလျော့ပေ၊၊

စိတ်ရှုပ်စွာနဲ့ စီးကရက်ကို သောက်လိုက်ရသည်၊၊ နွေရာသီရဲ့ အပူဒဏ်ဟာ ပြင်းထန်သလောက် သူရဲ့ ပူလောင်မှုက နေမင်းထက် အဆမတန် ပူနေသည်၊၊

အဝတ် ထူထူ ပွပွ ကြီးတွေ ဝတ်ပြီး cool imge ပျက်အောင်ထိ ဝမ်ရိပေါ် ပုံစံက ဖရိုဖရဲ နှင့် ကသိကအောက် နိုင်လှသည်၊၊ဝန်ထမ်းလေးများရဲ့ ပါးစပ်ဖျားမှာလည်း ဝမ်ရိပေါ် ရဲ့ ဝတ်စားတန်ဆာ ဆင်ပုံက ဆောင်းရာသီ ကို ကြိုဆိုပါ၏ ဟု မဏ္ဍပ်တိုင်တက်ပြ ထားသလိုပင် ဖြစ်နေလေရဲ့၊၊

Air Con ကို အရှိန်မြင့်ပြီး ဝမ်ရိပေါ် တစ်ယောက်ထဲသာ ရုံးခန်းထဲ စိတ်ရှုပ်ထွေးမှုကြောင့် သက်ပြင်းချနေရသည်၊၊

သုံးရက်ရှိပြီ၊၊ သူ ရှောင်းကျန့် နဲ့ မျက်နှာချင်း မဆိုင်ဖြစ်သလို ရှောင်နေတာမျိုးလည်း မဟုတ်သော ပက်သက်မှု မရေမရာမှုက ဝမ်ရိပေါ် ရင်ထဲ အလူးအလဲ နှိပ်စက်နေသည်၊၊

ကနဦး ဝမ်ရိပေါ် ထင်ခဲ့မိတာ သူသာ ရှောင်းကျန့် ရဲ့ အဝေးမှာ မဆက်သွယ်ဘဲ နေဖို့ စိတ်ကို အကြိမ်ကြိမ် သတိပေးရင်း သတိထားနေရပေမဲ့ တကယ်တမ်း သူ့အနားကို တစ်ရှိန်ထိုး ရောက်လာတတ်သူမှာ ရှောင်းကျန့် ပင်ပဲ ဖြစ်သည်၊၊

Sad Ending တွေကို မနှစ်မြို သော သူက ရုပ်ရှင်ကြည့်ရင်တောင် Happy Ending ကိုပဲ ရွေးချယ်ကြည့်ရှူပေမဲ့ တကယ်တမ်း လက်တွေ့ကာလမှာ ရိပေါ်က သူအရမ်းမုန်းတဲ့ Sad Ending နှင့် ဆုံနေရသည်၊၊

မစခင်ကတည်းက မပေါင်းရမဲ့ ဇာတ်က လက်တွေ့ဘဝမှာ လက်ညိုးထိုးရရင် သူနဲ့ ကျွန်တော်ပဲ ဖြစ်လိမ့်မယ်၊၊ သူကတော့ ဆိုင်သူ ရှိနေပေမဲ့ ကျွန်တော် ကတော့ ဇာတ်ပို့ တစ်ယောက်လို ကျွန်တော်ချစ်တဲ့ ကြယ်ကလေးကို ငေးကြည့်နေရုံပဲ တတ်နိုင်တော့တယ်၊၊ ဆိုရိုးစကား တောင် ရှိတယ်၊၊ လူတွေက သူတို့ မုန်းတဲ့အရာတွေကိုပဲ အဆုံးသတ် မှာ ရတတ်တယ် ဆိုသလိုပဲ ကျွန်တော်မုန်းတဲ့ Sad Ending တွေကလည်း မဖိတ်ခေါ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်၊၊

ᴄʜᴇᴀᴛɪɴɢ ᴏɴ ʏᴏᴜ ❬ᴄᴏᴍᴘʟᴇᴛᴇᴅ❭Where stories live. Discover now