1

5.6K 331 64
                                    

"အိမ်အခန်းငှားမည် (ယောကျာ်းလေးသီးသန့်)"

ဆိုင်းဘုတ်လေးကို ခြံဝင်းတံခါးတွင် ချိတ်ဆွဲပြီး အိမ်ကြီးတစ်ခုလုံးအား ခြုံငုံကြည့်ကာ ဝမ်းနည်းမှုအရိပ်အယောင်သန်းနေရှာတဲ့ မျက်ဝန်းပိုင်ရှင် ဖြူလွှလွှ အရိပ်ကလေး... Jin

<><><><><><><><><><><><><><><>

Ding dong....🔔🔔🔔

ခြံရှေ့မှ Bell သံနှင့်အတူ ခြံရှေ့တွင်ရပ်နေသော ကောင်လေးတစ်ယောက် အိတ်တစ်လုံးဆွဲကာ ကျောထက်တွင်လည်း ကျောပိုးအိတ်တစ်လုံးနှင့်အတူ လက်တစ်ဖက်ကလည်း ဂီတာအနက်ရောင်လေးတစ်လက်...
အိမ်ထဲမှ ပြေးထွက်လာသော ကောင်လေးအား ခြံရှေ့မှ ကောင်လေးက မျက်မှုန်ကုပ်ကာ ကြည့်နေရင်း

Jin - ဘာကိစ္စလဲ မသိဘူး

Jin အမေးအား နှုတ်မှပြန်မဖြေပဲ ခြံရှေ့တွင်ချိတ်ထားသော ဆိုင်ဘုတ်အား မေးငေါ့ပြလာသော အချေလူသား yoongi

Jin - ဪ... လာလေ ဝင်ခဲ့...

ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး Jin ခေါ်ရာနောက် တစိုက်မတ်မတ် လိုက်လာခဲ့သော ကောင်လေး...
ဧည့်ခန်းထဲတွင် သူ့ထက် အရင်ရောက်နေသော လူတစ်ချို့အား ကြည့်မိတော့ သူ့လိုပင် အထုပ်အပိုးများစွာဖြင့် လူ 5ယောက်...

Jin - ထိုင်ပါဦး...

Ding dong..... Ding dong.... Ding dong....

အခန်းငှားနေမည့်သူများနှင့် ယနေ့စကားပြောဖို့ အခွင့်အလမ်း Jin မှာ ရှိပါဦးမလား....ခြံတံခါးသွားဖွင့်လိုက် တစ်ယောက် သွင်းလိုက်နဲ့ တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့တာ...အခုလည်း နောက်တစ်ယောက် ထင်ပါရဲ့.... အဆက်မပြတ် ဘဲလ်အားတီးနေတဲ့ ထိုလူကိုတော့ Jin စိတ်မကြည်ချင်တော့....
ခြံတံခါးဖွင့်လိုက်တာနဲ့ မြင်နေရတာက Tattoo လက်မှာ အပြည့်နဲ့ ကောင်လေးတစ်ယောက် မျက်နှာကလည်း အလိုမကျတဲ့ ပုံစံနဲ့ အထုပ်အပိုးလည်း မပါဆိုတော့ အဆောင်နေဖို့ မဖြစ်နိုင်တော့.. jin စကားတို့ပင် မဆိုမိခင် ထိုအရှေ့က လူသားက စတင်ပြောသည်

Sweet Moments With You (Completed)Where stories live. Discover now