23

1.4K 176 44
                                    

Jk - Hello.. အကို Seung Gi... ကျနော်အကူအညီတောင်းစရာရှိလို့...

.......

Jk - ကျနော့် Acc ထဲက ငွေကို Jin ရဲ့ ငွေတိုးချေးတဲ့ကောင်တွေကို ဆပ်ရမယ့်ဟာကို ရှင်းပေးပါ...

......

Jk - ဒီလိုပဲ လက်ခံအောင်ပြောရတာပေါ့...

......

Jk - အင်းပါ... အမေတော့ မသိစေနဲ့နော်... ဪ ပြီးတော့ Jin အပေါ် ကလိမ်ကကျစ်ကျခဲ့တဲ့ အဲ့ကောင်တွေကို နည်းနည်းပညာပေးခဲ့ပေးပါ...သူတို့ကြောင့် Jin ဘယ်လောက် စိတ်သောက ရောက်ခဲ့ရလဲ....

.....

Jk - Okay အကို Seung Gi...  စိတ်ချမယ်နော်...

ဖုန်းလေးချလိုက်ပြီးတော့မှ... Jungkook ပြတင်းပေါက်ကနေ အပြင်သို့ငေးကာ တွေးနေမိတော့သည်... ပထမတစ်ခု အဆင်ပြေသွားပေမယ့် နောက်တစ်ခုအတွက် ဘယ်လို လုပ်ရမလဲဆိုတာပင်...

* Jin... ကို့အတွက် မင်းအပြုံးတွေက တန်ဖိုးရှိတာမို့... ဘာနဲ့ပဲလဲရလဲရ...ဘယ်လောက်ပဲကုန်ကုန် ကို ရအောင်ဖန်တီးပေးမယ် *
.
.
.
.
.
ဒီနေ့တော့ Jin အလုပ်လုပ်ရတာ အနည်းငယ်ပေါ့ပါးနေမိသည်... ဟိုလူတွေ ကိစ္စရှင်းသွားတာနဲ့တင် Jungkook ကို အများကြီး ကျေးဇူးတင်နေမိသည်...
မနေ့ညက သူတို့အပေါ်မှာ သူစိမ်းလို့ပြောခဲ့မိတာတွေ...အတွက်လည်း အလွန်စိတ်မကောင်း ဖြစ်နေမိသည်....အလုပ်နားရက်ရောက်မှ သူတို့အတွက် ကိုယ်တိုင်ထမင်းချက်ကျွေးကာ ချော့မည်ဟု စဥ်းစားထားလိုက်တော့သည်....

Jin အလုပ်လုပ်နေစဥ်အတွင်းမှာတင် Gp chat မှ စာဝင်လာသဖြင့် ကြည့်လိုက်သော အခါ Jungkook မှ 7:00 လောက်ကို လူစုံကြမယ်လို့ ပြောထားသောကြောင့် Jin ဒီညတော့ Bar သို့ မသွားတော့ဘူးဟု ဆုံးဖြတ်လိုက်သည်... တစ်ခါတစ်လေတော့ သူတို့နဲ့ လိုက်ရောညီထွေစွာ နေသင့်တယ်မဟုတ်လား... ကို့အပေါ်ကောင်းကြတဲ့ သူတို့ကို ပစ်ပစ်ခါခါ မဆက်ဆံချင်တော့ပေ... ထို့ကြောင့် လူစုံကြမည်ဟုပြောလျှင် ထိုနေရာတွင် သူပါ ပါဝင်နိုင်အောင် လုပ်ရမည်ဟု တွေးထားလိုက်တော့သည်...
.
.
.
.
.
HS - အဆင်ပြေပါ့မလား ငါတို့ အစီအစဥ်က...

Jimin - ဒါ အကောင်းဆုံး အကြံပဲလေ...

NJ - ဟုတ်တယ် Jimin ပေးတဲ့ အကြံက စဥ်းစားလို့ ရသမျှထဲမှာ အကောင်းဆုံးပဲ...

Sweet Moments With You (Completed)Where stories live. Discover now