26

1.4K 171 41
                                    

မုန်တိုင်းပြီးရင် လေပြည်လာစမြဲဆိုတဲ့စကားက တကယ်မှန်တယ်ထင်ပါရဲ့.. အခုဆိ​ု ကျနော့်ရဲ့နေ့ရက်တွေက တကယ်ကို သာယာလွန်းတယ်...
ဒီအထဲမှာ Jungkook ရဲ့ အချစ်တွေက မပါမဖြစ်ပေါ့..

ကျနော့်ကောင်လေးနာမည်က ဂျောင်ကု မဟုတ်တော့ဘူး ကျနော်အဖြေပေးပြီးကတည်းက ဂျောင်ကပ်ကြီး ဆိုတဲ့ နာမည်ကို တခမ်းတနားရသွားလေရဲ့...

Jungkook ကို ရှာချင်ရင် ကျနော့်ကို အရင်ရှာပါ... ကျနော်ရှိရာ အရပ်မှာ Jungkook ကိုတွေ့နိုင်ပါတယ်...

ကျနော်အခုဆို အရင်လို အချိန်ပိုင်းအလုပ်တွေ အများကြီးမလုပ်တော့ပဲ မနက်ပိုင်း Coffee ဆိုင်တစ်ခုသာ လုပ်ဖြစ်တော့သည်...
Coffee ဆိုင် အချိန်ပိုင်းတစ်ခုထဲဖြစ်တာကြောင့် ကျန်နေတဲ့ အချိန်တွေကို အိမ်ကအဖွဲ့နှင့်သာ အချိန်ကုန်ဆုံးမိသည်

ဒီနေ့တော့ အိမ်ကသူတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ဟင်းချက်ကျွေးမယ်ဆိုတဲ့ အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ Supermarket သို့ အချိန်ပိုင်းအလုပ်ပြီးတာနှင့်လာခဲ့လိုက်သည်...
ကျနော်တစ်ယောက်ထဲတော့မထင်ပါနဲ့ Jungkook လည်း ပါပါတယ်....

Jin - Jungkookah... လူတွေနဲ့လေ..

Jk - ဘာဖြစ်လဲ..ကိုယ့်ချစ်သူလက် ကိုယ်ကိုင်တာပဲ...

Jin - ဟုတ်တော့ဟုတ်ပေမယ့်.... ဒီမှာစျေးဝယ်သူတွေက အများကြီးလေ..

Jk - အဲ့တော့... ရှက်လို့လား... ကိုနဲ့ လက်မတွဲထားချင်ဘူးလား...

ကလေးတစ်ယောက်လို နှုတ်ခမ်းထော်လာတဲ့ Jungkook ကြောင့် သူစိတ်မကောက်ခင် သူ့အလိုကို လိုက်ရတော့သည်

Jin - စိတ်ကောက်တော့မလို့လား... လာလာ လက်တွဲမယ်... ကျနော့်ကို စိတ်မကောက်နဲ့တော့..

Jk - စောစောကတော့ စိတ်မကောက်ဘူး... အခုတော့ တကယ်စိတ်ကောက်ရတော့မယ်...

Jin - ဘာလို့လဲဟင်...

Jk - ဘယ်အချိန်ထိ ကျနော် ကျနော်နဲ့ ပြောဦးမှာလဲ...ပြီးတော့ ကို့ကိုရော Jungkook လို့ပဲ ခေါ်တော့မှာလား...

Jin - Jungkook က Jungkook မို့လို့ Jungkook လို့ခေါ်တာလေ... ပြီးတော့ ကျနော်ကလည်း ကျနော်ပဲလေ.. အဲ့တာကို ကျနော်လို့ မပြောလို့ ဘယ်လိုပြောရမလဲ....

Sweet Moments With You (Completed)Where stories live. Discover now