10

1.8K 221 33
                                    

အိမ်လေးထဲသို့ ရောက်သည်နှင့် ကျောပိုးအိတ်ကို ချကာ Taehyung တစ်ယောက် ခုန်ပေါက်နေတော့သည်

TH - စာမေးပွဲ ပြီးပြီဟေးးးးးးး အခုမှပဲ စိတ်အေးလက်အေးရှိတော့တယ်

ကျောင်းမှ အရင် ပြန်ရောက်နေဟန်ရှိသော Namjoon နှင့် Yoongi တို့က sofa အသီးသီးတွင် ထိုင်နေလျက်

NJ- အမယ်..မင်းက ဘယ်တုန်းက စိတ်အေးလက်အေး မရှိဖူးလို့လဲ စာတောင်သေချာလုပ်တာ မမြင်ဖူးဘူး

TH - ကိုယ်တွေက စာထိုင်လုပ်နေမှ စာလုပ်တာမဟုတ်ဘူးကွ ဦးနှောက်ထဲမှာအမြဲတမ်း..

Yg - ကောင်မလေးတွေ အကြောင်းပြည့်နေတာ ပြောမလို့လား...

TH - ဟာဗျာ...Yoongi ကတော့ နှောက်ပြီ... စာအကြောင်းတွေးတာကို ပြောမလို့ပါ
သူ့လို အမြဲအိပ်နေတာများထင်နေလားမသိ

Yg - ဟေ့ကောင် ငါက လူသာအိပ်တာ အိမ်မက်ထဲမှာ စာလုပ်နေတာကွ

NJ - ဟုတ်မှလည်း ပြောကြပါ ကိုယ်လူတို့ရာ 🤣🤣

ဧည့်ခန်းထဲတွင် ရယ်ကာမောကာ ပြောနေသော သူတို့အား အပေါ်ထပ်မှ ဆင်းလာသော Hoseok မှ

HS- ဘာတွေ ပြောနေကြတာလဲ ရယ်လို့မောလို့နဲ့

NJ - စာမေးပွဲ ပြီးသွားလို့ ပျော်နေကြတာလေ

HS - ပျော်တာတော့ ငါလည်း ပျော်တယ်..ဒါနဲ့ စိတ်အပန်းဖြေတဲ့ အနေနဲ့ ခရီးထွက်ကြမလား

Yg - ကောင်းသားပဲ... ဒါနဲ့ ဘယ်သွားကြမလဲ

HS - ကမ်းခြေပဲ သွားကြမလား

TH - ကောင်းတယ် ကောင်းတယ် ငါသဘောတူတယ်

NJ - ကျန်တဲ့ သုံးယောက်ကိုလညိး တိုင်ပင်ရမယ်
သူတို့ပါ ပါရင် ပိုပျော်ဖို့ကောင်းမှာ

Yg - အေးလေ သွားမယ့်သွား တစ်အိမ်လုံးသွားကြမယ်

HS - ဒါနဲ့...

Yg - ဘာပြောမလို့လဲ

HS - Seokjin က လိုက်ပါ့မလား... သူက အမြဲ တစ်ယောက်ထဲ နေနေတော့

TH - ရအောင်ခေါ်ရမှာပေါ့

Yg - Jk ကို ခေါ်ခိုင်းလိုက် အဲ့တာဆို ပါလာလောက်တယ်

Sweet Moments With You (Completed)Where stories live. Discover now