14

1.7K 208 23
                                    

ခွင့်ရက်တို့ကဖြင့် ကုန်ဆုံးပြီဖြစ်သောကြောင့် ပုံမှန် နေ့စဥ်ကို ဖြတ်သန်းရန်မှာ Jin တစ်နေ့တာအစပင်ဖြစ်သည်...

လက်ထဲတွင် ကိုင်ထားသော အိမ်စာချုပ် 6စုံကို ဧည့်ခန်းမ စားပွဲပေါ်တွင်တင်ထားပြီး အလှပန်းအိုးလေးဖြင့် ဖိကာ ထားခဲ့လေသည်...
Jin တစ်နေ့တာ အစပြုလျှင် Jungkook ၏ တစ်နေ့တာ အစပြုတာနှင့် အတူတူပင် ဖြစ်သောကြောင့် ခြံထဲတွင် စက်ဘီးလေးနှင့် အသင့်စောင့်နေသူမှာ Jungkook ပင်ဖြစ်သည်...

ခြံတံခါးလေး ဖွင့်ပြီးသည်နှင့် Jin ကျောပိုးအိတ်လေးအား ရှေ့ခြင်းထဲသို့ ထည့်ကာ နောက်ခုံတွင်တော့ Jin အားထိုင်စေသည်...
ဒိတစ်ခါတွင်တော့ လိုက်ပို့သည်ကို ငြင်းဆန်ခြင်းလည်း ထပ်မပြုတော့ဟု Jin တွေးထားသည်...
ဘယ်လိုပင် Jk အမေ ကြိုက်ကြိုကိ မကြိုက်ကြိုက် ကိုယ်ကြိုက်တာ ကိုယ်လုပ်မည်ဟု Jin တွေးထားလိုက်တော့သည်...

Jin - Jungkook.... ဧည့်ခနိးထဲမှာ စာချုပ်တွေ ထားခဲ့တယ်နော် လက်မှတ် ထိုးပေးထားဖို့ ကျန်တဲ့ သူတွေကို ပြောပေးဦး..ကျနော် ပြန်လာမှ ယူမယ်...

Jk - ပြောပေးထားမယ်နော်...ဒီနေ့က ဘယ်အချိန်ပြန်မှာလဲ.... ကို လာကြိုပေးမလို့

jin - ဒီနေ့က ညဘက်က Bar လေ...Bar က ပြန်ဖွင့်ပြီဆိုတော့ အဲ့ကို သွားရမှာ ပုံမှန်အချိန်ပဲ

Jk - Okay.... ကို အချိန်မီ လာခဲ့မယ်

jin - သဘော...

ဒီလိုနှင့် မနက်ခင်းအတွက် ပထမဆုံး အချိန်ပိုင်း အလုပ်လေး Coffee ဆိုင်ရှေ့တွင် ချပေးခဲ့ကာ Jk. အိမ်ပြန်သွားတော့သည်... Jin အား နေ့လည်စာ အချိန်မလွန်ဖို့ မှာကြားရန်လည်း မမေ့ခဲ့..

.
.
.
.

တီးတောင်...တီးတောင်...

Jk ပြန်ရောက်ပြီးသည်နှင့် စာချုပ်ကိစ္စပြောပြထားသောကြောင့် အလုပ်လေးများ အားသည်နှင့် ဧည့်ခန်းတွင်ထိုင်ကာ အသီးသီး လက်မှတ်ထိုးနေကြသည်... ထိုစဥ် တံခါး Bell သံ ပေါ်ထွက်လာသဖြင့်

Jimin - လာပြီနဲ့တူတယ်...

Jk - Jimin ဘယ်သူလဲ... Jin က ဧည့်သည် လက်မခံရဘူးလို့ မှာထားတယ်နော်

Sweet Moments With You (Completed)Where stories live. Discover now