8

1.9K 233 24
                                    

အတူတူနေကြတဲ့ အချိန်တွေက ကြာလာတာနဲ့အမျှ သံယောဇဉ်ဆိုတဲ့ ကြိုးမျှင်လေးက တစ်ယောက်ကို တစ်ယောက်ချည်နှောင်ပေးလျက်ရှိနေသည်.....
ဒီအရာကို အတူရှိနေချိန်မှာ မသိရပေမယ့် ဝေးကွာရတဲ့ အချိန်ဆိုရင် ပိုပြီးသိရတတ်တယ်...

အကြောင်းအရင်းမှာတော့ အိမ်သို့ တစ်ပတ်လောက်ပြန်သွားသော Jk ကြောင့်ပင်...
လွန်ခဲ့သောရက်က jin ခြံရှေ့တွင် ရုပ်ရှင်ဆန်ဆန် suit အနက်ရောင်ဝတ် လူတစ်စုက ကားအနက်ရောင် သုံးစီးလောက်နှင့်လာကာ Jk အား ပြန်လာခေါ်သွားခြင်းဖြစ်သည်...

အထူးအဆန်းပုံစံဖြစ်နေသော သူတို့ကို Jimin ကသာ ဖြစ်နေကျဟူ၍ ရှင်းပြလို့သာ Jk အတွ​က် စိတ်ပူပန်ခြင်းလျော့ကျသွားရသည်....  လာခေါ်သွားသူများမှာ Jk ၏ မိခင် စေခိုင်းချက်ကြောင့်ပင် ဖြစ်သည်....

Jk အိမ်ပြန်သွားသည့်ရက်များတွင် Jin အတွက် တစ်ခုခု လိုအပ်နေသလို ခံစားနေရသညိ...
မိုးလင်းမှ မိုးချုပ်ထိ အနားမှာ အမြဲကပ်နေတတ်ပြီး အကြိုအပို့လုပ်ပေးနေတတ်တဲ့သူက အခုလို အနားမှာ မတွေ့ရတော့လည်း... ဝန်မခံချင်ပေမယ့် သတိရမိပါရဲ့... လွမ်းဆွတ်မိပါရဲ့....

ကျောင်းပိတ်ရက်များဖြစ်နေသဖြင့် အချိန်ပိုင်းအလုပ်များသာရှိသော Jin တစ်ယောက် ညနေပိုင်းအလုပ်သို့ သွားရန် ကျောပိုးအိတ်လေးလွယ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်...
ခြောက်သွေ့နေတတ်တဲ့အိမ်ကြီးက သူတို့လေးတွေ ရောက်လာပြီးကာမှ စိုပြေနေခဲ့တာ ယခုဆိုရင် Jin နေသားတကျဖြစ်ရသည့်အပြင် သူတို့လေးတွေ ပြန်ထွက်သွားကြမည့် အချိန် ရောက်လာမှာကိုတောင် စိုးရိမ်မိသည်... သေချာသည်ကတော့ ထို အတွေးများက Jin စိတ်ထဲတွင်သာ ဖွင့်ဟထားပြီး တစ်ဦးတစ်ယောက်ကိုမှ ပြောပြခြင်း မရှိပေ... ထိုကြောင့်လည်း ထိုအိမ်တွင် Jin ရဲ့ Nickname က ရေခဲလူသား ဟူ၍ပင်..

Yg - Jin....

Jin အောက်ထပ်သို့ ဆင်းဆင်းချင်းမှာပင် ဧည့်ခန်းထဲ၌ ဂစ်တာတစ်လက်ဖြင့်အလုပ်ရှုပ်နေဟန်တူသော Yoongi မှ Jin အား လှမ်းခေါ်လိုက်သောအခါ မေးငေါ့ပြီး ပြန်ဖြေမိတော့...

Yg - bar ကိုသွားမလို့လား...

Jin - အင်းလေ.. barသွားရမှာ... wae?

Sweet Moments With You (Completed)Where stories live. Discover now