29 (Ending)

2.7K 211 77
                                    

ကျောင်းဖွင့်သည့်ရာသီသို့ တစ်ဖန်ပြန်လည်၍ ရောက်ရှိလာကြပြီဖြစ်သည်...
အေးအေးဆေးဆေးနှင့် အချိန်ကုန်ခဲ့သော ရက်များလည်း ကုန်ဆုံးခဲ့လေပြီ
အရင်နှစ်ကဲ့သို့ပင် မနက်ခင်းအချိန်၌ ရေချိုးခန်းနှင့် အိမ်သာလုသံကတော့ ကြားရစမြဲပင်

သို့သော် အရင်လို တစ်ခန်းထဲကို လုရခြင်းမဟုတ်တော့ပဲ သုံးခန်းကို မျှသုံးရသဖြင့် အရင်ကထက်စာရင်တော့ အများကြီး အဆင်ပြေသွားခဲ့သည်

ထိုသုံးခန်းဆိုသည်မှာ မူလ အောက်ထပ်တစ်ခန်း
Jin အခန်းထဲရှိ တစ်ခန်းနှင့် Jin မိဘတွေအခန်းကိုပါ ဖွင့်ပေးလိုက်တော့သည်...

ကျောင်းမဖွင့်ခင်ရက်များကပင် Jin ကိုယ်တိုင်ဦးစီး၍ ထိုအခန်းများအား သပ်သပ်ရပ်ရပ် ရှင်းလင်းပေးလိုက်သည်...ထို့နောက် မည်သူမဆို ထိုအိမ်ထဲရှိ အခန်းတိုင့းကို ဝင်ရောက်နိုင်သည်ဆိုသော စကားလည်း ပြောင်းလဲသတိမှတ်လိုက်သည်...

ကျောင်းမသွားခင်အချိန်တွင် မနက်စာအား အရင်ဆုံးပြီးသူမှ စားပွဲပေါ်တွင် အဆင့်သင့်လုပ်ပေးလေ့ရှိသည်
ထွေထွေထူးထူးတော့မဟုတ် ပေါင်မုန့်မီးကင်ပြီးသားများအား ချထားပေးကာ Butter Cheese Strawberry Jam စသည့်ပုလင်းများကို အစီအရီတင်ပေးထားသည်

ထို့အပြင် Coffee ဘူးနှင့် ခွက်အလွတ်တစ်လုံး... နွားနို့ဘူးနှင့် ခွင်အလွတ်တစ်လုံး ကိုလည်း တင်ပေးထားသည်...
သို့မှသာ စားချင်တာကို ရွေးစားနိုင်သလို သောက်ချင်တာကိုလည်း ရွေးသောက်နိုင်ပေသည်

ကျောင်းဖွင့်ရက်များ၏ မနက်စာသည် ဤကဲ့သို့ ဖြစ်နေသော်လည်း ကျောက်းပိတ်ရက်များတွင်တော့ သေသေချာချာ ပြုလုပ်စားသောက်တတ်ကြသည်

"Min Yoongi... မပြီးသေးဘူးလား... နောက်ကျတော့မယ်လေ"

"ပြီးပါပြီ Ji Ji ရယ် လာပါပြီ"

"မြန်မြန်လာ...  စက်ဘီးနင်း...သွားမယ် "

အိမ်၏ ပထမဆုံးသော အတွဲလေးသည် စက်ဘီးဖြင့် ထွက်ခွာသွားလေသည်

တီ...တီ...

အချိန်တိကျစွာနှင့် ခြံရှေ့မှ ကားဟွန်းတီးသံသည်
Taehyung ၏ နှစ်ယောက်မရှိသော အကို Seung Gi

Sweet Moments With You (Completed)Where stories live. Discover now