16

1.4K 188 12
                                    

ယနေ့အတွက် ရာသီဥတုကတော့ အပြင်မှာ သာယာနေပေမယ့် Jungkook တစ်ယောက်ထဲသာ ကွက်၍ မုန်တိုင်းထန်နေခဲ့ရသည်...
တစ်ညလုံး Jin နဲ့ Ken တို့ရဲ့ နှစ်ယောက်ထဲ အတူတူအိပ်တယ်ဆိုသော အတွေးတို့နဲ့တင် အိပ်မပျော် ဖြစ်နေခဲ့သော Jungkook မနက်မိုးလင်းခါနီးမှသာ အိပ်ပျော်ခဲ့ရသည်...

ထို့ကြောင့် အိပ်ရာထချိန်သည် ယခင်နေ့များထက်ပင် ပို၍ နောက်ကျသွားခဲ့ရသည်...
နိုးထချင်းမှာတင် ကြည်လင်နေသော Jin အသံလေးများကြောင့် စိတ်ကြည်အေးခဲ့ရပေမယ့် Jin အသံအနောက်မှ ကပ်၍ ပေါ်ထွက်လာတတ်သော Ken ဆိုသော သူ၏ အသံကြောင့် စိတ်အဆင်မှာ နောက်ကျိသွားရပြန်သည်...

အောက်ထပ်သို့ ဆင်းလာခဲ့လေတော့ မြင်ရသည်မှာ သွေးတတ်စရာမြင်ကွင်းပင်ဖြစ်သည်.. Sofa အရှည်ပေါ်တွင် ထိုင်နေသော kenနှင့် ထိုလူ့ပေါင်ပေါ်တွင် လှဲရင်း TV အတူတူကြည့်နေကြပါသော Jin...
ဘေးခုံတွင်တော့ TH သည် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေဟန်...
ဘေးတွင် လူရှိနေတာတောင် အနေအထိုင် မဆင်ခြင်သော သူတို့အား လွန်စွာအံ့သြမိသည်....

စိတ်ရှိတိုင်းသာ ဆက်ဆံရလျှင် Jin အား ကို့ရင်ခွင်ထဲဆွဲသွင်းပြီး ဟိုလူအား အထုတ်ဆွဲကာ နှင်ထုတ်မိမှာ အမှန်ပင်.... သို့သော် အခြေအနေတို့သည် မိမိဘက်တွင် အပြည့်အဝရှိနေမည်မဟုတ်.. ထို့ကြောင့် စိတ်လျော့ စိတ်လျော့ စိတ်လျော့ဟူ၍သာ နှစ်သိမ့်နေရသည်

သိပ်မကြာသော အချိန်တွင် Jk အခန်းအတွင်းမှ ပြန်ထွက်လာစဥ် ဧည့်ခန်းထဲရှိ ထိုနှစ်ယောက်အား အရိပ်အယောင်ပင် မတွေ့ရ...
ဟိုဟိုဒီဒီ ရှာကြည့်ပါသော်လည်း မတွေ့....

Jk - ကျစ်... Jin ကလည်း ဘယ်ထွက်သွားပြန်ုပီလဲမသိဘူး...

စိတ်အလိုမကျဟန်ဖြင့် jungkook တစ်ဦးတည်းရေရွတ်နေမိသည်

Jimin - ထွက်သွားပြီ... Ken နဲ့ ဘယ်လဲတော့ မသိဘူး...ပြင်ဆင်ပြီးတော့ ထွက်သွားကြာတာပဲ...

Jk - မင်းက မြင်ရဲ့သားနဲ့ ဘယ်လဲလို့ မမေးလိုက်ဘူးလား..

jimin - ဟေ့ရောင်... ငါက သူ့အဖေလည်းမဟုတ် သူ့အမေလည်းမဟုတ် အဲ့လို သွားမေးလို့ရမလား...

Sweet Moments With You (Completed)Where stories live. Discover now