27

1.4K 168 48
                                    

မဖိတ်ခေါ်ပဲ လာတတ်သော ဧည့်သည်များက ကောင်းခြင်းတရားကို ယူဆောင်သူ ရှားပါးသလို အိမ်ရှင်၏ အမြင်မကြည်ခြင်းကိုလည်း အပြည့်အဝ ခံရတတ်သေးသည်...

"Jeon Jungkook!!! နင်ပြန်လိုက်ခဲ့စမ်း."

"မလိုက်နိုင်ဘူးဗျာ...ကျနော်ဒီမှာပဲနေမှာ "

"ဒါနင့််အိမ်လား... ကိုယ့်အိမ်ကိုယ်ပြန်မယ်... ဒီမှာနေပြီး နင့်ကို ရွှေတွင်းလို့ သတ်မှတ်ပြီး နင့်အကောင်က ချူစားနေမှာ"

"အမေ!!!.... အမေ့ကို အမေလို့ခေါ်တာ ကြားချင်သေးတယ်ဆိုရင် သူ့အပေါ်ပြောတဲ့ စကားတွေကို ပြင်လိုက်ပါ"

"အဟက်... မှန်တာပြောတာလေ... ပြင်စရာလား.."

"ရတယ်လေ.. ကျနော်လည်း အမေလို့ မခေါ်ရုံပဲပေါ့ "

"ဘာ!!! Jeon Jungkook"

*ဖြောင်း!!!!*

"Jin..."
.
.
.
.
.
ထိုနေ့၏အစ...

နိုးထလာသော မနက်ခင်းအား ပုံမှန်အတိုင်း ဖြတ်သန်းပြီးနောက် Jungkook Jin အား အလုပ်လိုက်ပို့လေသည်...
Coffee ဆိုင်မှ အိမ်သို့ အပြန်တွင် ခြံရှေ့၌တွေ့ရသော ရင်းနှီးနေသည့် ကားအနက်ကြီးများ...
သေချာသည်က Jungkook ၏ အမေသည် အိမ်ထဲတွင်ရောက်နေပြီဆိုတာပင်...

ဘာသတင်းမှ ကြိုမပေးသော အကို Seung Gi အား ဖုန်းဆက်ကြည့်တော့ အလုပ်ကနေ တစ်လလောက် အကြောင်းအရင်းမရှိပဲ အနားခံထားရတယ်တဲ့.... သေချာပါပြီ ဒီလောက်ဆိုရင် အမေ သူနဲ့ Jin အကြောင်း သိသွားပြီဆိုတာ....

ထို့နောက် စိတ်ပူမိသည်က Coffee ဆိုင်တွင် ရှိနေလောက်မည့် Jin... အမေက Jimin ကို ဆက်ဆံသလို Jin ကိုလည်း တစ်ဖက်လက်နဲ့ ဆက်ဆံမည်ဆိုးသောကြောင့် အကို Seung Gi ကိုသာ Sms ပို့ပြီး အကူအညီတောင်းလိုက်ရသည်... Jin အား စောင့်ကြည့်ပေးရန်...

ခြံထဲမဝင်ခင် လုပ်စရာရှိသည်များ လုပ်ပြီးမှ ဝင်သွားတော့ ထင်သည့်အတိုင်း ဧည့်ခန်းတွင် မိန့်မိန့်ကြီး ထိုင်နေပါသော အမေ...အမေ့ရှေ့တွင်တော့ အနေအထိုင် ကျပ်စွာရှိနေဟန်တူသော Jimin...
ကျန်တဲ့သူတွေကတော့ နိုးနေသည့်ပုံမပေါ်... တိတ်ဆိတ်လျက်....

Jungkook အိမ်ထဲဝင်လာသည်နှင့် အားကိုးရာရသွားသကဲ့သို့ Jimin ပျော်မိသည်...
အဘယ်ကြောင်ဆိုသော် အရင်လို ကို့ဆီကို လာတာမဟုတ်ပဲ Jungkook နဲ့ Jin အကြောင်းဆိုသော ခေါင်းစဥ်အောက်က လာသည်ဖြစ်သောကြောင့် ဖြေရခက် မဖြေရခက်နှင့် အနေအထိုင်ကျဥ်းကျပ်လှပေသည်...

Sweet Moments With You (Completed)Where stories live. Discover now