3

2.2K 259 38
                                    

Jk အတွက် ကျောင်းသွားဖို့ ပြင်ဆင်တဲ့ နေ့တွေထဲမှာ ဒီနေ့ကတော့ ပိုပြီး တက်ကြွတဲ့နေ့ဖြစ်နေခဲ့သည်...
အိမ်က Driver ကို မနေ့ကတည်းက ကားနဲ့ စက်ဘီးတစ်စီး လာပို့ခိုင်းထားပြီး ဖြစ်လို့ ဒီမနက် ခင်း ကျောင်းသွားဖို့ရာ ရွေးချယ်လိုက်တာက စက်ဘီးလေး.....

Jimin - Jk ကျောင်းသွားတော့မှာလား.... စက်ဘီးနဲ့လား..

Jk - အေးဟုတ်တယ်... sorry jimin ရေ ဒီနေ့ ကို့ဘာသာ သွားလိုက်နော် ငါနောက်မှ လိုက်ခဲ့မယ်...

Jimin - အေးပါ... သွားစရာရှိတာ သွား... ငါအတန်းထဲမှာပဲ စောင့်နေမယ်

Jk - okay okay.... သွားပြီ တာ့တာ

Jimin ဆိုတာ Jk အတွက် မေးခွန်းပြန်မေးလေ့ မရှိတဲ့ သူငယ်ချင်းတစ်ယောက်....
ဘယ်သွားမှာလဲ...  ဘာလုပ်မှာလဲ ဆိုတာတောင် မမေး... အချိန်မှီရောက်မလာမှသာ အတိုးချပြီးစိတ်ပူပေးတတ်တဲ့ သူငယ်ချင်းမျိုး...

Jk ထွက်သွားတော့မှ Jimin လည်း ကျောပိုးအိတ်လေး ဆွဲကာ ထွက်လာတော့ အိမ်ရှေ့တွင် ဖိနပ်စီးနေတဲ့ Yoongi...

Yg - ကျောင်းသွားမှာမလား... seoul university?

Jimin - အင်း... ဟုတ်တယ်

Yg - ဘာနဲ့သွားမှာလဲ...

Jimin - Bus နဲ့လေ.... ဘာလို့လဲ

Yg - လာတတ်.... အနောက်က...

စက်ဘီး carrier ခုံလေးကို ပုတ်ပြနေတဲ့ ထိုအဖြူကောင်လေးကို ကြည့်ပြီး အံ့သြမိပါရဲ့...
သူက အခုလိုလည်း လူမှုရေးသိတတ်သေးတာလား?

Yg - မတတ်ဘူးလား...

Jimin - arnyi... ထားပါ မင်းပင်ပန်းနေမှာပေါ့...  ငါ့ဘာသာ bus နဲ့ပဲ..

Yg - ကျွတ်စ်.... စကားအရမ်းများတာပဲ

Jimin ကျောပိုးအိတ်လေးကို ဆွဲလုလိုက်ပြီး အတင်းတတ်ခိုင်းလိုက်တော့မှ jimin တစ်ယောက် ငြိမ်ငြိမ်လေးသာ လိုက်ပါသွားသည်
အရှေ့က နင်းနေတဲ့ Yoongi ဆိုတဲ့ အချေကောင်လေးမျက်နှာမှာ အပြုံးလေးတစ်ခု ဖန်ဆင်းသွားတာကိုတော့ Jimin လေး မမြင်မိလိုက်.....

<><><><><><><><><><><><><><><><><>

HS - Namjoon yah... သွားရအောင်လေ... ကျောင်းနောက်ကျတော့မယ်

Sweet Moments With You (Completed)Where stories live. Discover now