17

1.4K 174 23
                                    

ကျယ်ဝန်းလှသောဧည့်ခန်းမ ရှိ ထိုင်ခုံထက်တွင် အခန့်သားထိုင်နေသော အမျိုးသမီးကြီး... တစ်နည်းအားဖြင့် Jeon Jungkook ၏ မိခင်...
လက်သန်းကြွယ်ရှိ တစ်ပွင့်ထဲသောစိန်ဖြင့် အလှဆင်ထားသော လက်စွပ်အားလက်ချောင်းလေးများဖြင့် ပွတ်သပ်ရင်း သားတော်မောင်အကြောင်း အစီရင်ခံမည့်သူစကားကို နားထောင်နေလေသည်

Mrs.- Lee Seung gi ဘာထူးလဲ Jungkook အကြောင်း... ဟိုကောင်လေးနဲ့ပဲလား Jimin ဆိူတဲ့ဟာလေး

Lee SG - ဟုတ်ကဲ့ နေတာတော့ အခုထိ အတူတူနေနေကြတုန်းပါပဲ... ဒါပေမယ့် Park Jimin နဲ့တော့ အကိုလေး တွဲသွားတွဲလာ သိပ်လုပ်တာမတွေ့တော့ဘူး..

Mrs. - အဟက်... နောက်ဆုံးတော့ ငါ့သား အသိဝင်လာပြီနဲ့တူတယ်... အဆင့်မတူတာတွေနဲ့ မပေါင်းဖို့ကို... ဒါနဲ့ အဲ့ကောင်လေးက ဘာတွေလုပ်နေလဲ

Lee SG - Park jimin က တခြားတစ်ယောက်နဲ့ ပိုပြီး သွားလာနေပါတယ်... သူ့နာမည်က Min Yoongi လို့ခေါ်ပါတယ်..

Mrs.- နေဦး.. ငါထပ်မေးတာ Park မျိုးနွယ်အကြောင်း မဟုတ်ဘူး... Kim ဘာဆိုလား...အဲ့တစ်ယောက်အကြောင်း... သူနဲ့ ငါ့သား အခြေအနေ

Lee SG -ဪ...ဟုတ်ကဲ့... Kim Seokjin ပါ.. သူနဲ့က အရင်တခါ စျေးဆိုင်မှာ Mrs. နဲ့တွေ့ပြီးကတည်းက အကိုလေးနဲ့ သိပ်ပြီး အသွားအလာမတွေ့တော့ပါဘူး...

Mrs.- အင်း.... ကောင်းတယ်... အဲ့လို မွဲမွဲတေတေတွေ ငါ့သားအနားမရှိမှ ကောင်းမယ်... Jungkook ကို အိမ်ပြန်ခေါ်ဖို့ အကြောင်းအရင်းတွေ့ရင် ငါ့ကိုပြောကြားလား...

Lee SG - ဟုတ်ကဲ့ Mrs..

Mrs.- မင်း Jungkook အနောက်ကနေ အမြဲသေချာလိုက်ကြည့်နော်... Jungkook သိလည်း မသိစေနဲ့... ထူးခြားတာရှိတာနဲ့ပြော..

Lee SG - ဟုတ်ကဲ့ပါ Mrs.

Mrs.- အင်း... အဲ့တာဆို သွားတော့...

Lee SG - ဟုတ်ကဲ့ ခွင့်ပြုပါဦး...

Lee seung gi ဆိုသည်မှာ Jungkook အမေ၏ လူယုံ တစ်နည်းအားဖြင့် Jungkook အခင်တွယ်ရဆုံးသော သွေးမတော်သည့် အကိုဟုခေါ်လည်း ရပေသည်...
Mr.Jeon ရှိစဥ်ကတည်းက အလုပ်လုပ်နေသော Lee Seung Gi သည် Mrs. ရဲ့ စိတ်ကိုလည်း နားမလည်နိုင်ပါ...
လူငယ်ဘဝ၏ လွတ်လပ်မှုကို ပိတ်ပင်ခံနေရသော Jungkook လေးကိုလည်း သနားသည်...
Jungkook အမေသည် သူ့သားအား အပေါင်းအသင်းမှားသွားမည်ကို လွန်စွာစိုးရိမ်တတ်သည်... ထို့ကြောင့် Jungkook စိတ်ကြိုက် ပေါင်းသင်းသမျှလူကို သူမ သဘောမတွေ့ပေ...
သူမ သဘောတွေ့သောသူများမှာ ပိုက်ဆံရှိ အသိုင်းအဝိုင်းမှ ကလေးများသာဖြစ်သည်...

Sweet Moments With You (Completed)Where stories live. Discover now