22

1.3K 174 39
                                    

ညအချိန်တွင် ခြံတံခါးရှေ့၌ Bell လာတီးသဖြင့် အထူးအဆန်းဖြစ်ကာ ခြောက်ယောက်လုံးထွက်လာခဲ့တော့သည်...
Jungkook အရှေ့ဆုံးမှ နေ၍ တံခါးဖွင့်ပေးလိုက်သော် အနက်ရောင်ဝတ်စုံများနှင့် လူကြီး ငါးယောက်...
စျေးပေါပေါ Suit တို့ကို ဝတ်ဆင်ထားသော ထိုသူတို့သည် ဆေးလိပ်ကိုလည်း နှုတ်ခမ်းထက်တွင် ကိုက်ထားလျက်...

Jk - ဘယ်သူတွေလဲမသိဘူး...

Jungkook အမေးကို ချက်ချင်း မဖြေလာပဲ Jungkook တို့ခြောက်ယောက်အား သေချာကြည့်သည်... အိမ်ရှိရာသို့လည်း လှမ်း၍မျော်ကြည့်သည်... ရှာနေတာ မတွေ့တဲ့သူအလား စိတ်မကျေနပ်မှုကို ဖော်ပြသည့်ပုံစံလုပ်ပြလာသည်

"ဟေး..ကောင်လေးတွေ ဒါ Kim Seokjin ရဲ့ အိမ်မလား.."

NJ - ခင်ဗျားတို့က ဘယ်သူတွေလဲ

"ကျစ်... ရှည်လိုက်တာ ငါမေးတာသာဖြေပါ"

TH - ဟုတ်တယ် ဒါ Kim Seokjin အိမ်... ကျနော်တို့မေးတာလည်း ပြန်ဖြေဦး ဘယ်သူတွေလည်း ခင်ဗျားတို့က...

"အဟက်... လေသံလေးက မာလှချည်လား... ဒီမှာ Kim Seokjin နဲ့တွေ့ချင်တယ် သူ့ကိုခေါ်ပေး မဆိုင်တဲ့သူတွေနဲ့ မပြောချင်သေးဘူး"

Jk - Jin မရှိဘူး... ပြီးတော့ ဘာကိစ္စလဲ ပြော... သူ့ကိစ္စက ကျနော့်ကိစ္စပဲ...

"Okay လေ.. ဒါဆိုလည်း ပြောရတာပေါ့... မင်းတို့လူကို ပြောလိုက် အချိန်ပြည့်တော့မယ်လို့... ငါတို့ကို ရှောင်လည်းရှောင်ကြည့် စာချုပ်ထဲကအတိုင်း အကုန်ဖြစ်ကုန်မယ်လို့ "

Jk - ဧကန္တ ခင်ဗျားတို့က ငွေချေးထားတဲ့သူတွေလား... ဒီမှာ ခင်ဗျားတို့ကလည်း တရားမဝင်သမားတွေဆိုတာ မမေ့နဲ့ဦး...

"အေး... အဲ့ မင်းပြောတဲ့ တရားမဝင်ကောင်တွေက တရားမဝင်တဲ့ ကိစ္စတွေ အကုန်လုပ်တတ်တယ်ဆိုတာလည်း မမေ့နဲ့.... မင်းတို့လူကို ပြောလိုက် နောက်တစ်ခါ ဖုန်းကိုင်ပါလို့... အဆက်အသွယ် ဖြတ်ထားရင် အခုလို အေးအေးဆေးဆေးနဲ့ အိမ်လာရှာနေတော့မှာမဟုတ်ဘူးဆိုတာ ပြောထားလိုက်... သွားပြီ ကောင်လေးတွေ "

ခပ်ရွဲ့ရွဲ့ ပုံစံလုပ်ပြကာ ခေါင်းဆောင်ဖြစ်ဟန်တူသောလူမှ သူ့လူများအား လက်ပြကာပြန်ခေါ်သွားလေသည်....
Jungkook စိတ်ထဲတွင် Jin အတွက် အပူတွေ တစ်ခုပြီးတစ်ခု တက်လာနေသည်...
သက်ပြင်းရှည်တစ်ချက်ချလိုက့တော့ Yoongi မှ ပခုံးလေးပုတ်ကာ အိမ်ထဲဝင်သွားသည်... Jimin မှလည်း

Sweet Moments With You (Completed)Where stories live. Discover now