2

2.5K 276 51
                                    

အချိန်ကာလတစ်ခုလောက် တိတ်ဆိတ်နေတဲ့ ဒီအိမ်ကြီးက အခုတော့လည်း အသံတွေစုံလို့ပါလား...

ရွယ်တူကောင်လေး 6ယောက် အကြောင်းအရင်း အမျိုးမျိုးနဲ့ အိမ်ပေါ်ရောက်လာကြတယ်ဆိုပေမယ့် Jin အတွက်ကတော့ ပိုက်ဆံ...
ပိုက်ဆံများများရှာနိုင်ဖို့ကသာ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်နေတဲ့ အတွက် ပိုနေတဲ့ အိမ်အခန်းတွေကို ငှားလိုက်ခြင်းက ပိုက်ဆံပိုဝင်လာနိုင်ရန် အတွက်သာ ဖြစ်သည်

ဆူညံနေတဲ့ စကားဝိုင်းလေးကို ကျောခိုင်းခဲ့ပြီး အခန်းရှိရာ အပေါ်ထပ်သို့ တတ်လာခဲ့တော့ အိပ်ရာဘေးစားပွဲပေါ်က တံဆိပ်ခေါင်းပါရှိသည့်စာအိတ်တချို့
မဖွင့်ကြည့်လည်း သိနိုင်သည့် ဘဏ်မှ ငွေဆပ်ရန် အသိပေးစာများ.....
တစ်လတစ်ခါ ရောက်​နေခဲ့သည်မှာ 10 စောင်လောက်ရှိပြီ မေမေ မဆုံးခင်ကတည်းက ရောက်နေတဲ့ အသိပေးစာများ...

တကယ်တော့သာယာနေတဲ့ ​Jin တို့မိသားစုဘဝလေးကို မေ့မေ့မောင် ဦးလေးHan သာ ဝင်မရှုပ်ခဲ့ရင် မေမေလည်းဆုံးပါးသွားမှာ မဟုတ်သလို ဒီအိမ်ကြီးလည်း ဘဏ်မှာ ပေါင်ထားတဲ့အထိ ဖြစ်မှာ မဟုတ်ဘူး

ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အစပြုခဲ့လေသလား......

Jin တို့မိသားစုဟာတနိုင်တပိုင်စီးပွားရေးအဖြစ် နယ်ဘက်တွင် စိုက်ပျိုးရေးခြံတွေ ထားရှိပြီး မွေးမြူရေးခြံပါ တွဲဖက်လုပ်ကိုင်ကြသည်
လုပ်ငန်းမှ ရရှိလာသော အကျိုးအမြတ်တွေဖြင့်
Seoul တွင် အိမ်နှင့်ခြံ ကောင်းကောင်းတစ်လုံး ဆောက်နေနိုင်သည့်အပြင် ဆွေမျိုးများကိုပါ ထောက်ပံ့နေနိုင်ခဲ့သည်

Jin အသက် 20 uni Second years လောက်ထိ သက်သောင့်သက်သာနဲ့ နေနိုင်ခဲ့သမျှ Jin ဖေဖေ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားချိန်မှ စ၍ အရှုပ်အရှင်း ဇာတ်လမ်းများစပေါ်လာခဲ့သည်

မေမေက အိမ်ရဲ့ စီးပွားရေးကို သားဖြစ်သူ Jin ကို ငယ်သေးသည်ဟူ၍ မောင်ဖြစ်သူ ဦးလေး Han ကို ဦးစီးစေခဲ့သည်...  မောင်ဖြစ်သူ အပေါ်ယုံကြည်မှု လွန်ကဲခြင်းကြောင့် ဦးလေးHan  ၏ လောင်းကစားနောက် ရှိသမျှ စီးပွားရေးအကုန် ပါသွားကာ နောက်ဆုံးတွင် အိမ်ဂရံပါ ဘဏ်တွင် အပေါင်ထားရသည်အထိ ဆိုးရွားခဲ့ရ​သည်...

Sweet Moments With You (Completed)Where stories live. Discover now