28

1.4K 165 57
                                    

လွန်ခဲ့သော တစ်ပတ်က Jungkook တို့မိသားစုပြသနာတွင် ကြားက မြေစာပင်ဖြစ်ခဲ့သော Lee Seung Gi ဆိုသူအား Kim Taehyung တစ်​ယောက် မသိစိတ်ကစွဲလမ်းမိသွားသည်

အပြစ်မဲ့သက်သက် အလုပ်ထုတ်သည်ကို Complain မတက်သည့်အပြင် ခေါင်းလေးသာ အသာငြိမ့်ပြရင်း စတိုင်ကျကျ ကျန်ခဲ့သော Lee Seung Gi အား Taehyung ကြည့်ရင်း အလင်းရောင်တွေ ဖြာထွက်သွားသလို ခံစားလိုက်ရသည်

နောက်နေ့မှစ၍ နှလုံးသား၏အချက်ပြမှုကြောင့် ရှိသမျှမိန်းကလေးအားလုံးကို ဖြတ်ကာ ထိုအကိုကြီးနောက်လိုက်ရန် ကြိုးစားရတော့သည်

တိုက်ဆိုင်မှုပေါင်းများစွာကို တစ်ပတ်တိတိ ကြိုးစားသော်လည်း ထိုလူကြီးသည် လွန်စွာငြိမ်ချက်သားကောင်းလှသည်... ထိုအေးစက်စက်လူတွင် နှလုံးသားမှရှိလားဟူ၍ပင်ထင်မိရသည်အထိ

*Kim Taehyung ရေ... ကောင်မလေးတွေကို အတည်မတွဲတဲ့ကောင် အခုတော့ နှလုံးသားကို ဝဋ်လည်အောင် အချေကိုယ်တော်တစ်ပါး ဖန်ဆင်းပေးလိုက်သလားတောင်ထင်ရတယ်*

ထိုလူကြီး အိမ်ရှေ့တွင်ရပ်စောင့်နေသော သူ့ကို မြင်သည်နှင့်

"Kim Taehyung...  ဒီနေ့ရော တိုက်ဆိုင်တာပဲလား.. ဒါမှမဟုတ် ဒီဘက်မှာ ကိစ္စရှိလို့လား"

"ဒီနေ့တော့ တိုက်ဆိုင်တာမဟုတ်ပါဘူး... ကိစ္စရှိလို့လားဆိုတော့ ဟုတ်တယ် ကိစ္စရှိလို့လာတာ "

"ဪ.... အာ့ဆိုလည်းသွားစရာရှိတာသွားလေ အကိုက အမှိုက်ဆင်းပစ်တာ"

"ဟို...ဟိုလေ မနက်စာမစားရသေးဘူး"

"အဲ့တော့....ဪ... ကိုယ်ဝယ်ကျွေးရမှာလား... ရပါတယ် အလုပ်မရှိတော့ပေမယ့် ဝယ်ကျွေးနိုင်သေးတယ် လာလိုက်ခဲ့"

တစ်ယောက်ထဲပြောကာ အရှေ့မှ ဦးဆောင်သွားသော အကိုကြီးကိုကြည့်ပြီး Taehyung ဘယ်ကနေဘယ်လို စပြောရမှန်းမသိဖြစ်နေသည်

ကုပ်ကုပ် ကုပ်ကုပ် နှင့်သာ အနောက်ကလိုက်လာသော Taehyung ဆိုသော ကောင်လေးကိုကြည့်ပြီး Lee Seung Gi ခေါင်းခါမိသည်

ဒီကလေး ဘာကြံနေလဲ သူသိသည်... သူလည်း ဒီအသက်အရွယ်ကို ဖြတ်ကျော်လာတဲ့သူပဲလေ.. မသိချင်ယောင်ဆောင်မိတာပဲရှိသည်.. သိူ့သော် သူမှ လမ်းစလုပ်မပေးလျှင် ထိုကလေး လမ်းပျောက်နေဦးမှာ အမှန်ပင် ထို့ကြောင့် စိတ်မရှည်တတ်သူပီပီ ဆိုင်ထဲတွင် ထိုင်ပြီးကတည်းက

Sweet Moments With You (Completed)Where stories live. Discover now